ဟားခါး အောက်တိုဘာ ၂၇
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အောက်တိုဘာလ ၂၆ ရက်နေ့ မှစ၍ စတင်ထိုးနှံသည့် အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးခြင်းကို ယနေ့တွင်လည်း သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးပြီးသွားသည့် ကျောင်းသား၊ ကျောင်းသူများကို သတ်မှတ်နေရာတွင် နာရီဝက် စောင့်ဆိုင်းစေခဲ့ပြီး ဆေးထိုးစုရပ်ရှိ တာဝန်ကျ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူ များအား (၅)ရက်အတွင်း ရေများများသောက်ရန်၊ အိပ်ရေးဝဝအိပ်ရန်၊ ဂိမ်းဆော့ခြင်းများနှင့် အရက်သောက်စားခြင်းများ မပြုလုပ်ရန် မှာကြားသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၃၈၁၁) ဦးကို အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ လေးရက်ကြာ ဆက်လက်ထိုးနှံပေးသွား ဖြစ်ကြောင်းသိရသည်။
မောင်တက်လမ်း