ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဖလမ်း   အောက်တိုဘာ   ၂၇

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားလာသဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက၊ ဖလမ်းခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များသည် ဖလမ်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခေါင်၊ ခရိုင်/ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဝင်များနှင့်အတူ ကိုဗစ်-၁၉ရောဂါ ကြိုကာကွယ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု အခြေအနေများကို ကွင်းစစ်ဆေးဆောင်ရွက် ကြကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက် လူစည်ကားသည့် နေရာများတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပါးစပ်နှာခေါင်းစည်း ဖြန့်ဝေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေးပိုစတာများကပ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် ဖလမ်းမြို့ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ စည်ပင်သာယာရေးဈေးများတွင် ဈေးရောင်း/ ဈေးဝယ်သူများအနေဖြင့် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်းရှိ/မရှိ၊ ဈေးဆိုင်များ တွင်ကြိုးတန်းထားခြင်းရှိ/မရှိစသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဈေးရောင်း/ဈေးဝယ် ဆောင်ရွက်ခြင်းရှိ/မရှိတို့ကို စစ်ဆေးကြသည်။

ဖလမ်းမြို့အတွင်းသို့ Stay at Home မြို့နယ်များမှ လာရောက်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး သတ်မှတ်ထားသော Quarantine Centre များတွင်()ရက်နေထိုင်ပြီး()ရက်ပြည့်ပါက ထပ်မံစစ်ဆေးမှု ခံယူရမည်ဖြစ်ရာ ရောဂါပိုးတွေ့ရှိပါက ဖလမ်းပြည်သူ့ ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်ကုသမှု ခံယူရမည်ဖြစ်ပြီး ရောဂါပိုးမတွေ့ ရှိသူများအနေဖြင့် မိမိတို့နေထိုင်မည့် သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများထံသို့ သတင်းပေးပို့၍ နေအိမ်တွင် Home Quarantine ()ရက်ထပ်မံဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

ကိုရှိန်း