ဟားခါး အောက်တိုဘာ ၂၇
ဟားခါးမြို့၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၉ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၃ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
သံသယရှိသူ ၄၁ ဦးကို RDT Test Kit ဖြင့် စစ်ဆေးရာ ၉ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်းဖြစ်သည်။ ဟားခါးမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ ၁၂၇၁ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၁၁၃၉ ဦး၊ သေဆုံးသူ ၃၈ ဦး၊ ဆေးကုသမှုခံယူဆဲ ၉၄ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)