ဟားခါးမြို့တွင် အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံမည်

ဟားခါး အောက်တိုဘာ ၂၆

ချင်းပြည်နယ်၊ ဟားခါးမြို့တွင်  ယနေ့မှစ၍ အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပြီး ယနေ့မှ ၂၉ ရက်နေ့အထိ လေးရက်ကြာ စုရပ်နေရာ ( ၃ ) နေရာခွဲ၍ ထိုးနှံပေးသွားဖြစ်သည်။

ကာကွယ်ဆေးကို ဟားခါးမြို့ရှိ အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းများ၌ ထိုးနှံပေးသွားမည်ဖြစ်သဖြင့် အဆိုပါ ကာကွယ်ဆေးထိုးနှံမည့် စုရပ်နေရာများသို့ အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများ၏ မိဘအုပ်ထိန်းသူများကိုယ်တိုင်က ကျောင်းသား၊ ကျောင်းသူများကို ခေါ်ဆောင်လာပြီး ကာကွယ်ဆေးများ လာရောက်ထိုးနှံကြပါရန် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးမှ မော်တော်ယာဉ်ဖြင့် မြို့တွင်းလှည့်လည်ကာ မေတ္တာရပ်ခံ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။                                                                                                                                                     မောင်တက်လမ်း