ချင်းပြည်နယ်

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကား ပြောကြားသည်။

ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ် (၃/၂၀၂၃) သို့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်

ချင်းပြည်နယ်၊ ဟားခါးမြို့၌ ပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃) ကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီဥက္ကဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက် အမှာစကား ပြောကြား သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ်၊ ဟားခါးမြို့၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကားပြောကြားသည်။ ချင်းပြည်နယ်၊ ဟားခါးမြို့၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကားပြောကြားသည်။

ပလက်ဝမြို့နယ်၊ တမန်းသားစံပြကျေးရွာတွင် ကျေးရွာချင်းဆက်လမ်း (တံတား) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တမန်းသားစံပြကျေး ရွာတွင် ကျေးရွာချင်းဆက်လမ်း သစ်သားတံတားဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂၈ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။

ဖလမ်းမြို့၊ ဟရန်ထီးယို အားကစားကွင်း ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဟရန်ထီးယို အားကစားကွင်း ပြန်လည်ပြုပြင်နေမှု အခြေအနေများအား ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းဇော်လတ်နှင့် အဖွဲ့ဝင်များသည် မတ်လ ၂၈ ရက်၊ နံနက် ၁၁ နာရီအချိန်က ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမာန်မနား၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့နှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

တွန်းဇံမြို့တွင် ဌာနဆိုင်ရာ စုပေါင်းအင်အားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ချင်းပြည်နယ် တွန်းဇံမြို့တွင် ဌာနဆိုင်ရာ စုပေါင်းအင်အားဖြင့် သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို တွန်းဇံမြို့၊ ခေါဝုန်/ လေးဆန်ရပ်ကွက်ရှိ Cyclone Shelter သွားလမ်းနှင့် Cyclone Shelter ဘေးပတ်ဝန်းကျင်၌ မတ် ၂၅ ရက်နေ့ နံနက်(၈)နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တီးတိန်မြို့၌ တီးတိန်ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ တီးတိန်မြို့ ကုတင်(၁၀၀)ဆံ့ ပြည်သူ့‌‌ဆေးရုံတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချမ်းငြမ်း ဦးဆောင်ပြီး ယနေ့ နံနက် ၈ နာရီက စု‌ပေါင်း သန့်ရှင်း‌ရေး ဆောင်ရွက်သည်။

ဟားခါးမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဝက်သား၊ ကြက်သားနှင့် ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်စျေးထက် သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် မတ်လ ၂၅ ရက် နံနက် ၈ နာရီမှ ၁၀ နာရီအထိ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ ချင်းပြည်နယ် လွှတ်တော်ရုံးရှေ့တွင် ရောင်းချပေးလျက်ရှိရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက ဝယ်ယူလျက်ရှိကြကြောင်း သိရသည်။

ဖလမ်းမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စားပွဲတင်တင်းနစ်ပြိုင်ပွဲကျင်းပ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အမျိုးသားနှစ်ယောက်တွဲ စားပွဲတင် တင်းနစ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၂ နာရီက ဖလမ်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ကြောင်း သိရသည်။

ချင်းပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ

ချင်းပြည်နယ်၊ ဟားခါးမြို့၌ ချင်းပြည်နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်လူမှုရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင် တက်ရောက် အမှာစကား ပြောကြားသည်။
Subscribe to ချင်းပြည်နယ်