တီးတိန်မြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်ပါက အန္တရာယ်ရှိ၍ ပြောင်းရွှေ့သော ယာယီပြောင်းရွှေ့စခန်းသို့ ခရိုင်မှူး သွားရောက်ကြည့်ရှု
ချင်းပြည်နယ် တီးတိန်မြို့၌ မုန်တိုင်းကျရောက်ပါက လူနေအိမ်အန္တရာယ်ရှိ၍ ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အစီအမံဖြင့် ပြောင်းရွှေ့သော ယာယီခိုလှုံရာစခန်းခွာ ဒိုခန်းမသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ ယနေ့သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။