ချင်းပြည်နယ်

တွန်းဇံမြို့တွင် ဆိုလာဘက်ထရီရှော့ဖြစ်ပြီးဘက်ထရီအိုးပေါက်ကွဲရာမှ လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

ချင်းပြည်နယ် တွန်းဇံမြို့ ခေါဝုန်‌လေးဆန်ရပ်ကွက်မြို့မရဲစခန်း‌တောင်ဘက် (၅) ဖာလုံအကွာ တွင် ဦးပေါင်ဟောက်ကျင့် (ဘ) ဦးခိုင်လျန်းခမ်၏ နေအိမ်မှ မေလ (၇) ရက်နေ့လည် (၁၁၂၅) အချိန်က ဆိုလာဘက်ထရီရှော့ဖြစ်ပြီး ဘက်ထရီအိုးပေါက်ကွဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကားပြောကြားသည်။

ဟားခါးမြို့၊ ဇေတဝန်တောရ စာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၌ ကဆုန်လပြည့် ဗုဒ္ဓနေ့ စုပေါင်းညောင်ရေသွန်းလောင်းပွဲတော် အခမ်းအနားကျင်းပ

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဇေတဝန်တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၌ မေလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ကဆုန်လပြည့် ဗုဒ္ဓနေ့ စုပေါင်းညောင်ရေသွန်းလောင်းပွဲတော် အခမ်းအနား ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ဌာနဆိုင်ရာဝာာဝန်ရှိသူများ တက်ရောက်ကြသည်။

ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်( ၄ /၂၀၂၃) သို့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်

ချင်းပြည်နယ်၊ ဟားခါးမြို့၌ ပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၃) ကို ဧပြီလ ၃၀ ရက်နေ့ ညနေ ၃ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စားသုံးသူရေး ရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်အမှာစကား ပြောကြားသည်။

ဝေါလေမြိုင်မြို့၌ ယာဥ်စည်းကမ်း လမ်းစည်းကမ်း အန္တရာယ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၃) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ချင်းပြည်နယ်အတွင်း စားရေရိက္ခာဖူလုံနိုင်ရေးနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။

ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး၌ ပထမဆုံးအကြိမ် ဦးနှောက်အတွင်း အကျိတ်တည်သည့် အမျိုးသားလူနာတစ်ဦး ခွဲစိတ်မှုအောင်မြင်

ဟားခါးမြို့ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ဇေယျာဦး ဦးဆောင်သည့်အဖွဲ့မှ ဦးနှောက်အတွင်း အကျိတ်တည်သည့် အသက် (၂၉)နှစ်ရှိ အမျိုးသားလူနာတစ်ဦးကို ဧပြီ ၃ ရက်နေ့တွင် ခွဲစိတ်ခဲ့ရာ ခွဲစိတ်မှုအောင်မြင်ခဲ့သည့် အတွက် ဟားခါးမြို့ ပြည်သူ့ဆေးရုံ၌ ပထမဆုံးအကြိမ် ဦးနှောက်အတွင်း အကျိတ်တည်ခြင်း ကို ခွဲစိတ်အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တွန်းဇံမြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်‌ ရေသဘင်ပွဲတော် အခမ်းအနားကျင်းပ

ချင်းပြည်နယ် တွန်းဇံမြို့တွင် ၁၃၈၄ ခုနှစ်မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုမဏ္ဍပ်‌ရေသဘင် ပွဲတော်အခမ်းအနားကို ဧပြီလ (၁၄)ရက် မဟာသင်္ကြန်အကျနေ့ မွန်းလွှဲ (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်  မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သို့တက်ရောက်၍ ယိမ်းအကအဖွဲ့များ၏ ဖျော်ဖြေမှုကို ကြည့်ရှုအားပေး

၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက စစ်ဗျူဟာ (အခြေချ) ဟားခါးတပ်နယ်ရှိ မဟာသင်္ကြန်ပွဲတော်မဏ္ဍပ်၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ဟားခါး တပ်နယ်မှ ဗိုလ်မှူးကြီး စောထွန်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယိမ်းအဖွဲ့များ တက်ရောက်ကြသည်။

တွန်းဇံမြို့ လူထုအခြေပြုဗဟိုဌာန၌ စွန့်ပစ်အမှိုက် ကော်ဖီမစ်အခွံများဖြင့် ဖျာယက်လုပ်နည်း သင်တန်းဖွင့်လှစ်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အားလပ်ရက်များတွင် မိသားစုအကျိုးစီးပွား တစ်ပိုင်တစ်နိုင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အမျိုးသမီးများ အိမ်တွင်းလက်မှုပညာ ကော်ဖီမစ် အခွံများဖြင့် ဖျာယက်လုပ်နည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန၌ ပြုလုပ်သည်။
Subscribe to ချင်းပြည်နယ်