ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်( ၄ /၂၀၂၃) သို့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၃) ကို ဧပြီလ ၃၀ ရက်နေ့ ညနေ ၃ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စားသုံးသူရေး ရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်အမှာစကား ပြောကြားသည်။