ဟားခါးမြို့၌ ၂၀၂၂ ခုနှစ်၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့် စပ်လျဉ်း၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနား ကျင်းပ
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ၂၀၂၂ ခုနှစ်၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့် စပ်လျဉ်း၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်မှတ်ပုံတင်ရေး အဖွဲ့၊ ဥက္ကဋ္ဌ (ကိုယ်စား)၊ အတွင်းရေးမှူး ဦးထွန်းသိန်း နှင့် ပြည်နယ်မှတ်ပုံတင်ရေးအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်တွင်းအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် အသင်းတာဝန်ခံများ တက်ရောက်သည်။