တီးတိန် မေ ၁၃
ချင်းပြည်နယ် တီးတိန်မြို့၌ မုန်တိုင်းကျရောက်ပါက လူနေအိမ်အန္တရာယ်ရှိ၍ ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အစီအမံဖြင့် ပြောင်းရွှေ့သော ယာယီခိုလှုံရာစခန်းခွာ ဒိုခန်းမသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ ယနေ့သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်ရာတွင် ယာယီခိုလှုံသူများအား မှတ်ပုံတင်ကဒ်ပြားပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆေးစိမ်ခြင်ထောင်များဖြန့်ဝေခြင်း၊ ထမင်းဘူး၊ မုန့်နှင့်အချိုရည်များ ဝေဌပေးခြင်း၊ စိတ်ပျော်ရွှင်မှုရှိစေရန်နှင့် မုန်တိုင်းသတင်းအချိန်နှင့်တပြေးညီ သိရှိစေရန် ရုပ်မြင်သံကြား တပ်ဆင်ပြသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါယာယီစခန်းခွာဒိုခန်းမ၌ တီးတိန်မြို့တွင်း အိမ်ထောင်စု(၂၃)စု၊ လူဦးရေ(၁၀၇)ရှိကြောင်း သိရသည်။
ဒေါ်ဒိုင်းခန့်ဒိမ့်(ဦးစီးအရာရှိ)