တွန်းဇံ မေ ၂၅
ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးမျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို မေလ ၂၄ ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်က ခေါဝုန်လေးဆန်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကိုဆန်းက ဒေသဝမ်းစာဖူလုံမှု တိုးတက်မြင့်မားလာစေရန် စိုက်ပျိုးရေးနည်းပညာပိုင်းဆိုင်ရာ အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးမျိုးစေ့ပေးအပ်ပွဲအခမ်းအနားသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မျိုးစေ့ဖြန့်ဖြူးသည့် ကျေးရွာ(၈)ရွာမှ တောင်သူများ တက်ရောက်ပြီး မျိုးကောင်းမျိုးသန့် GW-11 မိုးစပါးမျိုးစေ့ တင်း(၇၀၀) ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇိုဇွန်းပါလ်