ဗိုလ်မှူးချုပ်ဝင်းကိုကိုတီးတိန်မြို့ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်း၌ ဆန်၊ ဆီ၊ ဆား ဆက်ကပ်လှူန်ဒါန်း

တီးတိန် ဇူလိုင် ၂၄

ချင်းပြည်နယ်၊ တီးတိန်ခရိုင် တီးတိန်မြို့နယ် သဘာဝဘေးပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ်ဝင်းကိုကိုသည် တီးတိန်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်း၌ ဆန်၊ ဆီ၊ ဆားများ ဇူလိုင်လ ၂၂ရက်နေ့ နေ့လယ်၁၁နာရီက ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဘုန်းတော်ကြီးသင် ပညာရေးမူလွန်ကျောင်းအတွက်‌ ကျောင်းသုံးဗလာစာအုပ်နှင့် ခဲတံများ ပေးအပ်လှူဒါန်းသည်။ အဆိုပါဆက်ကပ်ပေးအပ်လှူဒါန်းရာ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ကြသည်။

တီးတိန်မြို့ ဘုန်းတော်ကြီးသင်ပညာရေးမူလွန်ကျောင်း၌ KG မှ Grade 8 အထိ ကျောင်းသား၊ ကျောင်းသူ ၁၄၁ ဦး တက်ရောက်ပညာသင်ကြားကြောင်း သိရသည်။

မြို့နယ်