ဟားခါး ဇူလိုင် ၂၉
ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၃ ) ကိုယမန်နေ့ ညနေ ၃ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်အမှာစကား ပြောကြား သည်။
အစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ယခုကျင်းပပြုလုပ်သည့် အစည်းအဝေးသည် (၇)ကြိမ်မြောက် ကျင်းပပြုလုပ်သည့် အစည်းအဝေးဖြစ်ပါကြောင်း၊ ယခင်အစည်းအဝေးဆုံးဖြတ်ချက် အပေါ်အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများကို တွေ့ရသည့်အတွက် မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ပြည်နယ် အတွင်းရှိ စားသုံးသူပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များကိုလည်း စဉ်ဆက်မပြတ် အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေးသည် စားသုံးသူ ပြည်သူများ အတွက် အရေးပါသည့် အစည်းအဝေးဖြစ်သည့် အားလျော်စွာ တက်ရောက်လာကြသည့် ကော်မတီ ဝင်များအနေဖြင့် လုပ်ငန်းများနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြုစေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဦးလှမိုးနိုင်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များပေါ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှုအခြေအေနေနှင့် စာသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ့်ငန်းဆောင်ရွက် ခဲ့မှုအခြေအနေများကို ရှင်းလင်းဖတ်ကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်စားသုံးသူကော်မတီအဖွဲ့ဝင်များက အသီးသီး ဆွေးနွေးတင်ပြကြပြီး တင်ပြမှုများအပေါ် ပြည်နယ်စီးပွားရေးရာဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
( မောင်ထွန်းတောက် )