စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဟားခါးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနက စာရင်းဇယားများ မှန်ကန်စွာဆောင်ရွက်နိုင်ရေး၊ ရန်ပုံငွေဆုံးရှုံးမှု မရှိစေရေးနှင့် အတိုးနှုန်းများ မှန်ကန်စွာ ကောက်ခံရရှိစေရေးရည်ရွယ်၍ ဟားခါးမြိုနယ်အတွင်းရှိ မြစိမ်းရောင် ကျေးရွာစီမံကိန်းဝင် ကျေးရွာများမှ ကော်မတီဝင်များ၏ တတိယအဖွဲ့မွမ်းမံသင်တန်းကို သြဂုတ်လ ၂၁ ရက်နေ့က ဟားခါးမြို့၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။