တီးတိန်မြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်

တီးတိန်      သြဂုတ်      ၂၄

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် အမှတ် (၁၆)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ချင်း)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၀၃)တပ်ဖွဲ့စိတ် (တီးတိန်)မှ ယာဉ်ထိန်းရဲအုပ် လန့်အင်းခွာလ် ဦးဆောင်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တီးတိန်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်သား/ကျောင်းသူများ ပူးပေါင်းပါဝင်ပြီး မြို့မနာရီစင်အနီးတွင် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်လာသူ များအား လူကူးမျဉ်းကြားတွင် အရှိန်လျှော့ပါ/ ရပ်ပေးပါ၊ မော်တော်ယာဉ်မှတ်ပုံတင် နံပါတ်ပြား တပ်ဆင်ထားခြင်းမရှိဘဲ အများပြည်သူဆိုင်ရာနေရာတွင် မောင်းနှင်ခြင်း၊ မောင်းနှင်စေခြင်း သို့မဟုတ် ရပ်နားထားခြင်းမပြုရ၊ မူးယစ်ကင်းမှမောင်းနှင်ပါ၊ မော်တော်ဆိုင်ကယ်ကို မောင်းနှင်စီးနင်းရာတွင် ရှေ့မီးအနိမ့်ကို နေ့ညအချိန် တိုင်းဖွင့်၍ မောင်းနှင်ရန် ပျက်ကွက်ခြင်းမရှိစေရ၊ အမြန်နှုန်း သတ်မှတ်ချက်များကို လိုက်နာပါ၊ အရည်အသွေးပြည့်မီသည့် ဆိုင်ကယ်စီးဦးထုပ်များသုံး၍ မေးသိုင်းကြိုး တပ်ဆင်ပြီး မောင်းနှင်ရန် စသည့် ပညာပေးဆိုင်းဘုတ်များကို ပြသ၍ အသိပညာပေး လုပ်ငန်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)