ဖလမ်းမြို့နယ်၊ ခေါ်ပွာလ်ကျေးရွာ၌ အရန်မီးသတ်တပ်ဖွဲ့ အကြို သင်တန်းဖွင့်လှစ်

ဖလမ်း  သြဂုတ် ၂

ဖလမ်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဖလမ်းမြို့နယ်၊ ခေါ်ပွာလ်ကျေးရွာ၌ ဖွင့်လှစ်သည့် အရန်မီးသတ် တပ်ဖွဲ့အကြို သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း ခန်းမ၌ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဖလမ်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးဘွေမောင်းထန် က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းကို ဖလမ်းမြို့နယ် မီးသတ်ဦးစီးဌာနရုံးမှ တပ်ကြပ်ကြီး ဗျက်နေဆန်း၊ တပ်ကြပ်ဗျက်ထနှင်းနှင့် ဒုတပ်ကြပ် ယေးဘူးတို့က စစ်ရေးပြ၊ မီးသတ်ပညာ၊ ကြိုးချည်နည်းနှင့် ရှာဖွေ ကယ်ဆယ်ရေး ပညာရပ်များကို သြဂုတ်လ ၂၄ ရက်နေ့မှ စက်တင်ဘာ ၄ ရက်နေ့ထိ ရက်သတ္တပတ် (၂)ပတ်ကြာ သင်ကြားပို့ချမည်ဖြစ်ကာ သင်တန်းတွင် ခေါ်ပွာလ် ကျေးရွာနှင့် အနီးနားရှိ ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦး တက်ရောက်ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)