မင်းတပ်မြို့၌ မဲစာရင်းပြည့်စုံ မှန်ကန်စေရေးအတွက် အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေး

မင်းတပ်  သြဂုတ်

မင်းတပ်မြို့ရှိ ပြည်သူများ၏မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် ကုတ်နံပါတ်များနှင့် မဲစာရင်းများ တိုက်ဆိုင် စစ်ဆေးခြင်းကို ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မန်နေ့နံနက် နာရီအချိန်က ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

မင်းတပ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် အိမ်ထောင်စုတစ်စုကို ကုတ်နံပါတ်တစ်ခုသတ်မှတ် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ကုတ်နံပါတ်တွင် မဲပေးပိုင်ခွင့်ရှိသည့် မိသားစုဝင်စာရင်းများ ဖော်ပြပါရှိသည့်အတွက် မဲစာရင်းတွင် အမည်စာရင်း ကျန်ရှိမှု ရှိ/မရှိကို အလွယ်တကူသိရှိနိုင်ပြီး ပုံစံ()ကဖြင့် ပြန်လည် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

မင်းတပ်မြို့နယ်ရှိ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအနေဖြင့် သြဂုတ်လ(၂၀)ရက်နေ့မှစ၍ အိမ်ထောင်စုအလိုက် Door To Door ကုတ်နံပါတ်ကပ်ခြင်းနှင့် မဲစာရင်းတိုက်ဆိုင် စစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)