ကျီခါး ဩဂုတ် ၂၅
ချင်းပြည်နယ်၊ ကျီခါးမြို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် အိမ်ထောင်စု အလိုက် သတ်မှတ်ကုတ်နံပါတ်များနှင့် မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းကို ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များမှ ယမန်နေ့နံနက်၇ နာရီအချိန်က တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျီခါးမြို့ရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အနေဖြင့် သက်ဆိုင်ရာ အိမ်ထောင်စုများအလိုက် ကုတ်နံပါတ်များဖြင့် စနစ်တကျ သတ်မှတ်ထားရှိ ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကုတ်နံပါတ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မိသားစုအလိုက် မဲပေးပိုင်ခွင့်ရှိသည့် မိသားစု၀င်စာရင်းများ ပါရှိသည့်အတွက် မဲစာရင်း၌ အမည်စာရင်း ကျန်ရှိနေမှုမှုများကို လွယ်ကူစွာ သိရှိနိုင်ပြီး ကျန်ရှိမှုများရှိပါက ပုံစံ(၃)ဖြင့် ပြန်လည် လျှောက်ထားနိုင်ကြောင်းနှင့် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များ အနေဖြင့် ဩဂုတ်လ (၂၄)ရက်နေ့ မှစတင်ပြီး အိမ်ထောင်စုအလိုက် Door To Door ကုတ်နံပါတ်ကပ်ခြင်းနှင့် မဲစာရင်းတိုက်ဆိုင် စစ်ဆေးခြင်းများကို တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)