မတူပီမြို့၊ ရမ်တိန်းကျေးရွာတွင် Cash For Work စီမံကိန်းရန်ပုံငွေ ကျပ်သိန်း၁၀၀ဖြင့် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၊ ရမ်တိန်းကျေးရွာအုပ်စု၊ ရမ်းတိန်းကျေးရွာတွင် Cash For Work (CFW) စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးမှုအား မတူပီခရိုင် ကျေးလက်ဒေသ ဖွွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအာလ်လျန်ထန်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။