ဟားခါးမြို့နယ် ကားကြီးဝင်းအတွင်း ကားအဝင်/အထွက် စည်းကမ်းတကျ ဖြစ်စေရန် ကားကြီးဝင်းအတွင်း ကား၊ ဆိုင်ကယ်ဝင်ကြေး ကောက်ခံ
ချင်းပြည်နယ်၏ မြို့တော်ဖြစ်သည့် ဟားခါးမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝင်ငွေတိုးစေရေး၊ စည်ပင်သာယာရေး ဉပဒေနှင့်အညီ ကားကြီးဝင်း ကားအဝင်၊အထွက် စည်းကမ်းတကျ လိုက်နာနိုင်စေရန်နှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ ဟားခါးမြို့၊ ဟားခါး-ဂန့်ဂေါလမ်း ကားကြီးဝင်း အတွင်း ဝင်ရောက်သည့် ကားနှင့်ဆိုင်ကယ် ဝင်ကြေးများကို စက်တင်ဘာလမှ စတင်ကောက်ခံခဲ့ကြောင်း သိရသည်။