မင်းတပ် စက်တင်ဘာ ၁၇
မင်းတပ်မြို့မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက်ငါးနှစ်အောက်ကလေးငယ်များအား ဗီတာမင်အေ အာဟာရ ပြည့်ဝမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အရှေ့ပြင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ဆောင်ရွက်သည်။
အသက်ငါးနှစ်အောက်ကလေးငယ်များ ဗီတာမင်အေ အာဟာရပြည့်ဝမှုရှိမရှိကို ကလေးငယ်များ၏ လက်မောင်းလုံးပတ်ကို၏ အစိမ်းရောင်၊ အဝါရောင်နှင့် အနီရောင်သတ်မှတ်ထားသည့် လက်ပတ်ဖြင့် တိုင်းတာပြီး သတ်မှတ်အစိမ်းရောင်အထိ ပြည့်မီသည့် ကလေးငယ်များကို အာဟာရပြည့်ဝမှု ရှိသည်ဟု သတ်မှတ်၍ လက်မောင်းလုံးပတ် အဝါရောင်နှင့် အနီရောင်အဆင့်ရှိသည့် ကလေးငယ်များကို သတ်မှတ်ထားသည့်ဗီတာမင်အေများ ပြန်လည်တိုက်ကျွေးရမည်ဖြစ်ကြောင်းကို မိခင်နှင့်ကလေး ကျန်းမာရေး ဌာနမှ တာဝန်ခံဆရာမက ပြောကြားသည်။
ထို့နောက် ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ အရပ်တိုင်းတာခြင်းများ ပြုလုပ်ပေးပြီးမိခင်များအား အာဟာရပြည့်ဝသည့် အစာအုပ်စုများအကြောင်းကို အသိပညာပေး ပြောကြားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)