နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ Economic Relief Plan(CERP) အစီအစဉ်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ကျေးလက်နေပြည်သူများ စားနပ်ရိက္ခာဖူလုံစေရန်နှင့် မိသားစုဝင်ငွေရရှိရေး လုပ်ငန်းများ ထိခိုက်နစ်နာဆုံးရှုံးမှုများကို ကုစားနိုင်ရေးအတွက် ၄င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေ ချီးမြှင့်ခြင်းကို ဟားခါးမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း(၁၅)ရွာအား တစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀)နှုန်း စုစုပေါင်း ငွေကျပ်သိန်း (၁၅၀၀)ဖြင့် Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယမန်နေ့တွင် လုပ်ငန်းအားလုံး၏ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။