ချင်းပြည်နယ်

လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ စစ်ဆေးရေးဂိတ်များအား ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အစဉ်မပြတ် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ထိုက် ဦးဆောင်၍ မြို့အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ စစ်ဆေးရေး ဂိတ်များ၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြသည်။

ဟားခါးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စားသုံးသူဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ရေဇွာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask)များ ယခုဝယ်၊ ယခုတပ်စနစ်ဖြင့် အသိပညာပေး လုပ်ငန်းများ အပတ်စဉ်ဆောင်ရွက်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ် တားဆီးနိုင်ရန်အတွက် ရေဇွာမြို့ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊လူ ငယ်များပူးပေါင်းပြီး နှာခေါင်းစည်း (Mask)များ ယခုဝယ်၊ ယခုတပ်စနစ်ဖြင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့ မွန်လွဲ ၂ နာရီအချိန်တွင် စတင်ပြီးအရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဟားခါးမြို့၌ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်မရှိစေဘဲ ပါဆယ်စနစ်သို့ ရောင်းချရန် သတ်မှတ်ကြေညာ

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ရောဂါကူးစက်ပျံ့နှံ့ရန် လွယ်ကူသည့် နေရာများ ဖြစ်သည့်အတွက် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စံသတ်မှတ်ချက် များနှင့်အညီ စက်တင်ဘာလ ၂၂ ရက် ယနေ့ မှစ၍ ဆိုင်ထိုင်စနစ် မရှိစေဘဲ ပါဆယ်စနစ်သို့ သတ်မှတ်ရောင်းချစေကြောင်း သိရှိရသည်။

ဟားခါး၌ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဓာတုကြာရှည်ခံဆေးဝါးများ အသုံးပြုမှုနှင့် သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချမှု ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး

Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ(အစားအသောက်) ဒေါ်မြင့်သီတာတင် ဦးဆောင်၍ ပူးပေါင်းကော်မတီအဖွဲ့တို့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်းMaskများ၊ လက်အိတ်များကို စနစ်တကျတပ်ဆင်၍ ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ အစားအသောက်ပစ္စည်း အရောင်းဆိုင်များသို့ ရောက်ရှိပြီး စျေးကွက်အတွင်း ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် ဓာတုကြာရှည်ခံဆေးဝါးများ စားသောက်ကုန်များ စားသောက်ကုန် များတွင်အသုံးပြုမှု ရှိ၊မရှိ၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်မထားသည့် အစားအသောက်ပစ္စည်းများ၊ ဌာနမှ ထုတ်ပြန်ထား သည့် သုံးစွဲရန်မသင့် အစားအသောက် ပစ္စည်းများနှင့် သက်တမ်းလွန် အစားအသောက်ပစ္စည်း ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရှိရသည်။

မင်းတပ်၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့ဝင်/ မြို့ထွက် စစ်ဆေးရေး ဂိတ်များအား နေ့စဉ်ကြပ်မတ်စစ်ဆေးဆောင်ရွက်

မင်းတပ်ခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မင်းတပ်မြို့ဝင်/ မြို့ထွက် ဂိတ်များ တွင် ထားရှိဆောင်ရွက်နေသော စစ်ဆေးရေးဂိတ်များအား နေ့စဉ်စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

တွန်းဇံမြို့၌ Mask တပ်ဆင်ခြင်း မရှိဘဲ နေအိမ်ပြင်ပ ထွက်ခွာလာသူများအား အရေးယူ

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက် ၁၀ နာရီအချိန် Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ ထွက်ခွာ လာသူများအား ဖမ်းဆီးအရေးယူခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။

ပလက်ဝမြို့နယ်အတွင်းတာဝန်ကျ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များမှထောက်ပံ့ပေးအပ်သည့် စက်ဘီး အစီး(၆၀) ပေးအပ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တာဝန်ကျ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များမှထောက်ပံ့ပေးအပ်သည့် စက်ဘီးအစီး(၆၀) အား ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကီမိုခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာ အသီးသီးသို့ ဖြန့်ဝေပေးခဲ့သည်။

လိုင်လင်းပီ၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား အကျိုးခံစားသူ မှတ်တမ်းစာအုပ်အသစ်ပြုလုပ်ပေး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးသူငယ်များအား လစဉ်ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ အဆိုပါထောက်ပံ့ငွေများထုတ်ယူရာတွင် လိုအပ်သည့် အကျိုးခံစားသူ မှတ်တမ်းစာအုပ် အသစ်ပြုလုပ်ပေးခြင်းနှင့် အကျိုးခံစားသူကလေးသူငယ်အား စာရင်းသွင်း မှတ်ပုံတင်ခြင်းဆောင်ရွက်ပေးခြင်းကို ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၊ MTP Hall ၌ ယနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

တွန်းဇံမြို့၌ လမ်းသွားလမ်းသာ ပြည်သူများအတွက် အန္တရာယ်ရှိနိုင်သော သစ်ပင်များ ရှင်းလင်းဖယ်ရှားခြင်း ဆောင်ရွက်

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ယနေ့ နံနက်(၉) နာရီခွဲအချိန်မှစတင်ပြီး လမ်းသွားလမ်းသာ ပြည်သူများအတွက် အန္တရာယ်ရှိနိုင်သော သစ်ပင်များ ရှင်းလင်း ဖယ်ရှားခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်