ချင်းပြည်နယ်

ဟားခါးမြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးအသစ် ပြန်လည်ရွေးချယ်နိုင်ရန် သင်တန်းပို့ချခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်

ဟားခါးမြို့နယ်အတွင်း ရပ်ကွက် (သို့မဟုတ်)ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ အသစ်ပြန်လည်ရွေးချယ်နိုင်ရန် သင်တန်းပို့ချခြင်းနှင့် အသိပညာပေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ယမန်နေ့က ရပ်ကွက်များအလိုက် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

ထန်တလန်မြို့၌ Quarantine ထားရှိသောနေရပ်ပြန်များနှင့် Quarantine နေရာတွင် တာဝန်ကျ ကျန်းမာရေး အဖွဲ့ဝင်များအတွက် ကျပ်(၅)သိန်း ပေးအပ်လှူဒါန်း

ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် Quarantineထားရှိ‌သော နေရပ်ပြန်ပြည်သူများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးနေသည့် လုံခြုံရေးတာဝန်ကျ ကျန်းမာရေး အဖွဲ့ဝင်များအတွက် Presbyterian Church Of Myanmar က ယနေ့မွန်းလွဲ၁ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ငွေကျပ်၅သိန်းပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်ကလက်ခံရယူခဲ့ကြောင်းသိရသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင် ရေးစီမံချက်(Mask Campaign )အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်

ဟားခါးမြို့တွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေး စီမံချက်(Mask Campaign )ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ယနေ့ နံနက် ၉နာရီ အချိန်က COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မိုးမောက်မြို့နယ် ကျခန်းဒပ်ကျေးရွာ၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်ခန့်အပ်နိုင်ရေး အသိပညာပေး ကွင်းဆင်း ဆောင်ရွက်

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ်အတွင်း လက်ရှိတာဝန်ထမ်းဆောင် လျှက်ရှိသော ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ခုနှစ် မတ်လ ၃၁ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်များကို ဧပြီလ (၁)ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်နိုင်ရေးအတွက်ရွေးချယ်ခန့်အပ် ပေးနိုင်ရန် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ဇန်နဝါရီလ(၁၈)ရက်နေ့ နံနက်(၁၀)နာရီ ခန့်တွင် ကျခန်းဒပ်ကျေးရွာ နှစ်ခြင်းဘုရားကျောင်း ဓမ္မာရုံ၌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးခိုင်မင်းကိုနှင့် တာဝန်ကျကြီးကြပ်အဖွဲ့တို့က အသိပညာပေး ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်းသိရှိရပါသည်။

ချင်းပြည်နယ်အတွင်း မြို့နယ်များမှ ဟားခါးမြို့သို့ဝင်ရောက်လာသည့် ပြည်သူများအနေဖြင့် ရပ်ကွက်၊ ကျေးရွာ ထောက်ခံစာနှင့် ကျန်းမာကြောင်းထောက်ခံစာ ပါရှိမှုမရှိသူများအား ဟားခါးမြို့ သို့ဝင်ရောက်ခွင့် မပြု

ချင်းပြည်နယ်၊ ဟားခါးမြို့သို့ဝင်ရောက်လာသည့်ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသောအချက်များနှင့့််အညီ ဝင်ရောက်သွားလာ နိုင်စေရေးအတွက် ဟားခါးမြို့အဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များစစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၁၂ရက်နေ့မှစ၍ ချင်းပြည်နယ်အတွင်း (တီးတိန်မြို့နယ်မှ အပ)မြို့နယ်များမှ ဟားခါးမြို့သို့ ဝင်ရောက်လာသည့် ပြည်သူများအနေဖြင့် ရပ်ကွက်၊ ကျေးရွာထောက်ခံစာနှင့် မြို့နယ်ကျန်းမာရေး (သို့မဟုတ်)ကုသရေး ဦးစီးဌာနမှ ကျန်းမာကြောင်းထောက်ခံစာ ပါရှိမှု မရှိသူများအား ဟားခါးမြို့သို့ ဝင်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်း ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

မင်းတပ်မြို့နယ် တော့ထဲ့ကျေးရွာ၌ သဒ္ဓမ္မပါလအာယုဒီဃ ပရဟိတဆေးခန်း ဖွင့်လှစ်

မင်းတပ်မြို့နယ် တော့ထဲ့ကျေးရွာရှိ သဒ္ဓမ္မပါလကျောင်းတိုက်၌ သဒ္ဓမ္မပါလအာယုဒီဃ ပရဟိတ ဆေးခန်း ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၅) ဦး ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ Case - 128904၊ Case - 128905၊ Case - 129102၊ Case - 129101၊ Case - 129103 တို့သည် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကန်ပက်လက်မြို့၌ ဒေသထွက် လက်ဖက်ခြောက်များ ရောင်းအားအနည်းငယ်ကျဆင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့၌ မိသားစု တစ်ပိုင်တစ်နိုင်ဝင်ငွေရရှိရန်အတွက် ရည်ရွယ်၍ ထုတ်လုပ်ရောင်းချသော လက်ဖက်ခြောက်လုပ်ငန်းမှာ ကိုဗစ်ကာလအတွင်း ရောင်းအားအနည်းငယ်ကျဆင်း လျှက်ရှိကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖလမ်းမြို့နယ်၊ ငါလ်သီးကျေးရွာ သောက်သုံးရေ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေး

ဖလမ်းမြို့နယ်၊ ငါလ်သီးကျေးရွာ ဒေသခံပြည်သူများ သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် ဖလမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်ပေး လျက်ရှိသည်။
Subscribe to ချင်းပြည်နယ်