ချင်းပြည်နယ်

မတူပီမြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့် အသက်(၁၀၀)ပြည့် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့် အသက်(၁၀၀)ပြည့် ဘိုးဘွားများအား ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွွက် လူမှုရေးပင်စင် ထောက်ပံ့​​ပေးအပ် လျက်ရှိရာ ၅.၁.၂၀၂၁ ရက်နေ့၌ မတူပီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်လူမှုဝန်ထမ်းရုံးတို့ ပူးပေါင်း၍ ၎င်း ၁၅.၁.၂၀၂၁ ရက်နေ့တွင် မတူပီမြို့နယ်ရှိ ဝလံပီးကျေးရွာနှင့် တွီရှစ်ကျေးရွာများ၌ သွားရောက် ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။

ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ဒေသတွင်းကူးစက်မှုများကြောင့် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြု

ဖလမ်းမြို့အတွင်း ကိုဗစ်-၁၉ရောဂါ ဒေသတွင်းကူးစက်မှုများ (Local Transmission) ရှိနေပါသဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များ နှင့် အရက်ဆိုင်များတွင် လူစု လူဝေးခြင်း မရှိစေရေး ဆိုင်ထိုင်ရောင်းချခြင်း မပြုလုပ်ရန်နှင့် ပါဆယ် စနစ်ဖြင့်သာ ရောင်းရန် ဖလမ်းမြို့နယ် ကိုဗစ်-၁၉ ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

တီးတိန်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ (၄)ဦး ထပ်မံတိုးလာ

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ယမန်နေ့က ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာ (၄)ဦး ထပ်မံ တိုးလာကြောင်း တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

တီးတိန်မြို့အဝင် ''ဆိုင်းဘုတ်'' တည်ဆောက်ပြီးစီး

ချင်းပြည်နယ်၊ တီးတိန်မြို့အဝင် ''ဆိုင်းဘုတ်'' တည်ဆောက်ခြင်း လုပ်ငန်းကို ယနေ့တွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း တီးတိန်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။

လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ရောဂါကာလ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား သတ်မှတ်ချက်များ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက် ဆိုင်များအား ကိုဗစ်-၁၉ရောဂါကာလ သတ်မှတ်ချက်များ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စစ်ဆေးကြသည်။

ပလက်ဝမြို့နယ်၊ ဆမီးမြို့၌ မီးဘေးလုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်များဆောင်ရွက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ဆမီးမြို့ရှိ ဒေသခံနေအိမ်များနှင့် တိုက်ပွဲရှောင်စခန်းများ ၌မီးဘေး လုံခြုံရေး လုပ်ငန်းစဉ်များကို ယမန်နေ့မှစ၍ နယ်မြေမီးသတ်စခန်းရှိ တာဝန်ရှိသူ များက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဟားခါးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာနေပြည်သူများ လိုက်နာရမည့် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း အသိပညာပေးခြင်းများ ဆောင်ရွက်

ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးကြိုတင်ကာကွယ် ရေးအတွက် ယနေ့နံနက် ၁၀နာရီက ဟားခါးမြို့၊ရပ်ကွက်များသို့ မီးဘေးလုံခြုံရေး အတွက် တစ်အိမ်တက်ဆင်း အသိပညာပေးခြင်းများအရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိ ကြောင်း သိရှိရသည်။

ထန်တလန်မြို့၌ အိမ်မွေးခွေးများအား ခွေးရူးပြန်‌ ‌ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ် ရပ်ကွက်များတွင် မွေးမြူထားသော အိမ်မွေးခွေးများအား ခွေးရူးပြန်ရောဂါ ကြိုတင်ကာကွယ် ဆေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့သို့ ဖြတ်သန်းသွားလာမည့်သူများအားလုံး ဖလမ်းမြို့၊ ကိုဗစ်-၁၉ ရောဂါ ရှိ ၊ မရှိ စစ်ဆေး ရေးဂိတ်၌ ရောဂါပိုး ရှိ မရှိ စစ်ဆေးပြီး ရောဂါပိုးမရှိမှသာ ဖြတ်သန်းခွင့်ပြုမည်

ဖလမ်းမြို့သို့ ဖြတ်သန်းသွားလာမည့်သူများအားလုံး ဖလမ်းမြို့၊ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ စစ်ဆေးရေးဂိတ်၌ ရောဂါပိုး ရှိ မရှိ စစ်ဆေးပြီး ရောဂါပိုးမရှိမှသာ ဖြတ်သန်း သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ဖလမ်းမြို့နယ် ကိုဗစ်-၁၉ ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

တွန်းဇံမြို့ ပြည်သူ့ဆေးရုံအား ကုတင်(၅၀)ဆံ့ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေး

ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ (၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံအား (၅၀)ကုတင်ဆံ့ ပြည်သူ့ဆေးရုံ ယမန်နေ့က အဆင့်တိုးမြှင့်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်