ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင် ရေးစီမံချက်(Mask Campaign )အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်

ဟားခါး  ဇန်နဝါရီ  ၁၈

ဟားခါးမြို့တွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေး စီမံချက်(Mask Campaign )ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ယနေ့ နံနက် ၉နာရီ အချိန်က COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

Mask Campaignကို ဟားခါးမြို့၊ ဗိုလ်ချုပ်လမ်းမကြီးနှင့်လမ်းဆုံနေရာများ၊ စျေးများတွင် Mask တပ်ဆင်ခြင်းမရှိသူများ Mask အခမဲ့တပ်ဆင်ပေးခြင်းနှင့် ညစ်ပေသည့် Maskတပ်ဆင် သူများအား Mask အသစ် အခမဲ့လဲလှယ်တပ်ဆင်ပေးခြင်းနှင့် COVID-19 ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ အသိပညာပေး ဟောပြောပေးခြင်းတို့ကို ဟားခါးမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ Mask Campaignကို ဟားခါးမြို့တွင် နိုဝင်ဘာလ ၂၁ ရက်နေ့မှ တစ်ရက်လျှင် Mask အရေအတွက် (၁၀၀၀)နှုန်းဖြင့် ဖြန့်ဝေမည့် နေ့ရက်သတ်မှတ်၍ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသူ များအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီထံမှ သိရှိရသည်။

အောင်ခွီရှိန်း၊ခရိုင်(ပြန်/ဆက်)