ကန်ပက်လက် ဇန်နဝါရီ ၁၈
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့၌ မိသားစု တစ်ပိုင်တစ်နိုင်ဝင်ငွေရရှိရန်အတွက် ရည်ရွယ်၍ ထုတ်လုပ်ရောင်းချသော လက်ဖက်ခြောက်လုပ်ငန်းမှာ ကိုဗစ်ကာလအတွင်း ရောင်းအားအနည်းငယ်ကျဆင်း လျှက်ရှိကြောင်း သိရသည်။
"လက်ဖက်ခြောက်ကို ဧပြီလလယ်ကနေ နိုဝင်ဘာလကုန်အထိ အခြောက်ခံထုတ်လုပ်တယ်။ ယခင်နှစ်တွေမှာ ခရီးသွားတွေ များပြားတဲ့အတွက် ထုတ်လုပ်မျှ ရောင်းချရတယ်။ ရောင်းမ လောက်ခဲဘူး။ ဒီနှစ်မှာတော့ခရီးသွားတွေ နည်းသွားတဲ့အတွက် ရောင်းအားလည်း ကျသွားတယ်။ ဒေသခံတွေကတော့ ဝယ်ယူနေကြပါတယ်။ စျေးကွက်လည်း ချဲ့ချင်ပါတယ်"ဟု အချစ်ဆုံး လက်ဖက် ခြောက်ပိုင်ရှင်မှ ပြောပါသည်။
ထိုသို့ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေရရှိနေသော လက်ဖက်ခြောက်လုပ်ငန်းမှ လက်ဖက် ခြောက်အား တစ်ပိသာလျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် ရောင်းချခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့်အတွက် ဒေသထွက်ကုန် စီးပွားဖြစ် ထုတ်လုပ်ရောင်းချခြင်း ဖြစ်ကြောင်း သိရပါသည်.
မီရိမ်(ပြန်/ဆက်)