ထန်တလန် ဇန်နဝါရီ ၁၈
ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် Quarantineထားရှိသော နေရပ်ပြန်ပြည်သူများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးနေသည့် လုံခြုံရေးတာဝန်ကျ ကျန်းမာရေး အဖွဲ့ဝင်များအတွက် Presbyterian Church Of Myanmar က ယနေ့မွန်းလွဲ၁ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ငွေကျပ်၅သိန်းပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်ကလက်ခံရယူခဲ့ကြောင်းသိရသည်။
အဆိုပါ ပေးအပ်လှူဒါန်းရာတွင် Presbyterian Curch Of Myanmar အနေဖြင့် ချင်းပြည်နယ်အတွင်းရှိမြို့နယ်(၉) မြို့နယ်အတွက် တစ်မြို့နယ်လျှင် ငွေကျပ် (၅) သိန်းနှုန်းဖြင့် စုစုပေါင်းကျပ်(၄၅)သိန်းတိတိကို သက်ဆိုင်ရာ မြို့နယ်အသီးသီးတွင် အသွားအလာကန့်သတ် ထားရှိသူများ၊ လုံခြုံရေးတာဝန်ရှိသူများနှင့် ကျန်းမာရေး အဖွဲ့ဝင်များအတွက် ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ထန်တလန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်နိုင်စေရန် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီ ဥက္ကဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် ဦးဆောင်လျက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ နေ့စဥ်ဆောင်ရွက် လျက်ရှိရာ လက်ရှိအသွားအလာ ကန့်သတ်ထားရှိသူ (၃၇) ဦးရှိပြီး ကျန်းမာရေး ကောင်းမွန်လျက် ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)