ချင်းပြည်နယ်

ခိုင်ကမ်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိ

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် ပွင့်လင်းရာသီ ရောက်ရှိလာခြင်းကြောင့် မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ လှည့်လည် အသိပညာပေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

လိုင်လင်းပီမြို့ တိုက်နယ်ဆေးရုံအတွက် ပရိဘောဂပစ္စည်းများနှင့် မီးစက် (၁)လုံး အလှူရှင်များစုပေါင်းလှူဒါန်း

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့တိုက်နယ်ဆေးရုံအတွက် ပြည်တွင်း/ပအလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် စုစုပေါင်းငွေ ကျပ်-ဆယ့်နှစ်သိန်း တန်ဖိုးရှိ ဆေးစတိုခန်းအတွက်ဗီရို (၁) လုံး၊ YAMABISI EC 4800 DXE မီးစက် (၁)လုံးနှင့် ပြင်ပလူနာဌာနအတွက် လေးယောက်ထိုင် စတီးထိုင်ခုံ(၅)တန်းလှူဒါန်းခြင်းကို အဆိုပါတိုက်နယ် ဆေးရုံ၌ ယနေ့နံနက် (၉) နာရီခွဲအချိန်ခန့်က ပြုလုပ်ကြသည်။

ဝိတိုရိယတောင်ခြေ (၁၀) မိုင်စခန်း၌ DMO အဖွဲ့၏ အစီအစဉ်ဖြင့် ကိုယ်ထူကိုယ်ထ ရေသွယ်ယူမှုပြီးစီး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ဝိတိုရိယတောင် (ခေါ်နူးစုမ်) တောင်ခြေ (၁၀) မိုင်စခန်း၌ ကန်ပက်လက်မြို့နယ် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (DMO) ၏ အစီအစဉ်ဖြင့် ကိုယ်ထူကိုယ်ထ ရေသွယ်ယူမှုလုပ်ငန်းကို ဆောင်ရွက်ပြီးစီး ခဲ့ကြကြောင်း သိရပါသည်။

ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဘောင်ကျေးရွာရှိ CBT လုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး (နယ်မြေခံဝန်ကြီး ဦးဖွေအားတို့ မင်းတပ်မြို့နယ် ဘောင်ကျေးရွာရှိ ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် Community Base Tourism(CBT ) လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် သွားရောက် စစ်ဆေးခဲ့သည်။

ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အသွားအလာကန့်သတ် ထားရှိသူ ၃၅ ဦးရှိ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့အဝင်လိုင်ပေါင်းလုံ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူ များက ခရီးသွားပြည်သူများအား မိမိခရီးစတင်ထွက်ခွာလာသည့်ဒေသနှင့် သွားရောက်မည့်ဒေသများကို မှတ်တမ်းရယူခြင်းများကို နေ့စဉ် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းမှ နေရပ်ပြန်လာသူ (၃၅) ဦးတို့အား ထန်တလန်မြို့အမှတ် (၃ )ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံ၌ အသွားအလာ ကန့်သတ်ထားရှိကြောင်း သိရသည်။

တွန်းဇံမြို့၌ မီးဘေးအန္တရယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၁ခုနှစ်၊ ယနေ့နံနက် ၁၁ နာရီအချိန်တွင် နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ သင်တန်းခန်းမဆောင်တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။

ခိုင်ကမ်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ဗိုလ်ခိုင်ကမ်း ပန်းခြံရှေ့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဆိုင်းဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ပိုင်းမှ စ၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မင်းတပ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများ တင်ဒါခေါ်ယူ

ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မင်းတပ်မြို့၌ အကောင်အထည် ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကို အိတ်ဖွင့်တင်ဒါခေါ်ယူလျက် ရှိကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

ခိုင်ကမ်းမြို့ လူထုအခြပြုဗဟိုဌာနတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲပြုလုပ်

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မူလတန်းလွန်အဆင့် ကလေးငယ်များ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ပြုလုပ်ခဲ့ပါသည်။

ရိခေါ်ဒါရ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးဆိုင်ရာ အရေးပေါ်အစည်းအဝေး ပြုလုပ်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဒေသအတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးဆိုင်ရာ အရေးပေါ် အစည်းအဝေးကို ယမန်နေ့က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ပြုလုပ်သည်။
Subscribe to ချင်းပြည်နယ်