ချင်းပြည်နယ်အတွင်း မြို့နယ်များမှ ဟားခါးမြို့သို့ဝင်ရောက်လာသည့် ပြည်သူများအနေဖြင့် ရပ်ကွက်၊ ကျေးရွာ ထောက်ခံစာနှင့် ကျန်းမာကြောင်းထောက်ခံစာ ပါရှိမှုမရှိသူများအား ဟားခါးမြို့ သို့ဝင်ရောက်ခွင့် မပြု

ဟားခါး         ဇန်နဝါရီ        ၁၈

ချင်းပြည်နယ်၊ ဟားခါးမြို့သို့ဝင်ရောက်လာသည့်ပြည်သူများအနေဖြင့်  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသောအချက်များနှင့့််အညီ ဝင်ရောက်သွားလာ နိုင်စေရေးအတွက်  ဟားခါးမြို့အဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များစစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၁၂ရက်နေ့မှစ၍ ချင်းပြည်နယ်အတွင်း (တီးတိန်မြို့နယ်မှ အပ)မြို့နယ်များမှ ဟားခါးမြို့သို့ ဝင်ရောက်လာသည့် ပြည်သူများအနေဖြင့် ရပ်ကွက်၊ ကျေးရွာထောက်ခံစာနှင့် မြို့နယ်ကျန်းမာရေး (သို့မဟုတ်)ကုသရေး ဦးစီးဌာနမှ ကျန်းမာကြောင်းထောက်ခံစာ ပါရှိမှု မရှိသူများအား ဟားခါးမြို့သို့ ဝင်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်း ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးက “ ချင်းပြည်နယ်အတွင်းရှိ တီးတိန်မြို့နယ်မှအပ အခြားမြို့နယ်များမှ ဟားခါးမြို့သို့ ဝင်ရောက်လိုပါက ၁၂- - ၂၀၂၁ ရက်နေ့မှစ၍ မိမိနေထိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ၎င်းရပ်ကွက်/ကျေးရွာအုပ်စု တွင်အမှန်နေထိုင်သူဖြစ်ကြောင်း (အနီးစပ်ဆုံး ရက်စွဲဖြစ်ရမည်) ထောက်ခံချက်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (သို့မဟုတ်) ကုသရေး ဦးစီးဌာနတို့၏ ထောက်ခံပါရှိပါက ဝင်ခွင့်ပြုသွားမှာဖြစ်ပါတယ်၊ (သားဖွားဆရာမ ထောက်ခံစာမရပါဘူး) တီးတိန်မြို့နယ်သည် ပိုးတွေ့သူများနေသဖြင့် Swab နမူနာ တွင် COVID 19 Negative အဖြေရရှိပါက ဝင်ခွင့်ပြုပါမည်။ မရှိပါကFacilities Quarantine ထားရှိမည်ဖြစ်ပါကြောင်း ဟားခါးမြို့နယ်ရှိပြည်သူများအနေဖြင့် COVID 19 ရောဂါနှင့်ပတ်သက်၍ ယခင်ထက်ပိုမို ဂရုစိုက်ကြပါရန်၊ အပြင်ထွက် ပါက မဖြစ်မနေ Mask တပ်ဆင်ပေးကြပါရန် (မေးတွင်ချိတ်ခြင်းမပါ) မေတ္တာရပ်ခံကြောင်း” ပြောပြခဲ့ပါတယ်။

 အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)