ချင်းပြည်နယ်

ဟားခါး၌ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူး၍ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရား ရွက်ဖတ်ပူဇော်ပွဲ ကျင်းပ

ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသည့် ၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရား ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တီးတိန်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်းဖွင့်

ချင်းပြည်နယ် တီးတိန်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၁)ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် စစ်ဗျူဟာအခြေချ(ဟားခါး)မှ ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေကျပ်(၅)သောင်းနှုန်းနှင့် အခြေခံစားသောက်ကုန်များထောက်ပံ့

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် စစ်ဗျူဟာအခြေချ(ဟားခါး)မှ ဟားခါးပြည်သူ့ ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေကျပ်(၅)သောင်းနှုန်းနှင့် အခြေခံစား သောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ဟားခါးမြို့ ၊ ပြည်သူ့ဆေးရုံကြီး၌ကျင်းပခဲ့သည်။ ရှေးဦးစွာ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်နှင့် အနောက် မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်တို့က ပြည်ည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ဝန်ဆောင်မှုလုပ်ငန်းများသည် မွန်မြတ်သည့်လုပ်ငန်းများဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ မူဝါဒ၊ရည်ရွယ်ချက်၊လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သည့်အပြင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မိမိဒေသ၊ မိမိပြည်နယ်၊မိမိတိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်နေသည်ဟု ခံယူပြီး စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးကြရန်နှင့် နိုင်ငံတော်မှပေးအပ်သည့် တာဝန်များကို မှန်မှန်ကန်ကန်နှင့် ကျေပွန်စွာထမ်းဆောင်ပေးသည့် ဝန်ထမ်းများအပေါ် ကျေးဇူးတင်ရှိကြောင်း အဖွင့်မှာစကား ပြောကြားကြသည်။ ထို့နောက် ချင်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးကျော်ငြိမ်း၊ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူတို့မှ ကျန်းမာရေး ဝန်ထမ်းများအား ထောက်ပံ့ငွေများနှင့် အခြေခံစားသောက်ကုန်များထောက်ပံ့ ပေးအပ်ရာ သက်ဆိုင်ရာ ဝန်ထမ်းများက လက်ခံရယူခဲ့ကြသည်။

ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ Video Conferencing(Zoom Meeting)ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ချင်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်၊ ကောင်စီဝင်(၄)ဦးနေလင်း၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ချင်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ Video Conferencing (Zoom Meeting)ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂နာရီက ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄/၂၀၂၁)ကျင်းပ

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၁)ကို မတ်လ ၃ရက်နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကျင်းပ

ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် မင်းတပ်မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ကျင်းပသည်။

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်နှင့် ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဟားခါးမြို့၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

(၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား ထန်တလန်မြို့၌ ကျင်းပ

(၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီကချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၉)မြို့နယ် ကိုယ်စားပြု သဘာပတိ(၉)ဦးက နေရာယူကြသည်။
Subscribe to ချင်းပြည်နယ်