ချင်းပြည်နယ် တရားလွှတ်တော် ဆောက်လုပ်ခြင်း လုပ်ငန်းကို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင် ကွင်းဆင်းကြည့်ရှုစစ်ဆေး
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ ဦးငွန်ဆန်းအောင်သည် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးတိုးဝင်း၊ ကောင်စီဝင်များနှင့်အတူ ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ရှိ ချင်းပြည်နယ် တရားလွှတ်တော်ဆောက်လုပ်ရေး လုပ်ငန်းကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။