တီးတိန်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်းဖွင့်

တီးတိန် ဧပြီ ၁၇

ချင်းပြည်နယ် တီးတိန်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၁)ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုးက အမှာစကား ပြောကြားပြီး  ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေဆိုင်ရာ၊ လုံခြုံရေးနှ့င် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ငန်းများ၊ ပုံစံ(၂၇)မျိုးဖြည့်သွင်းခြင်းဆိုင်ရာ လုပ်ငန်းများနှင့် အခြားသိသင့်သည့် အချက်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးနှင့် သက်ဆိုင်သော သိသင့်သည့်ဥပဒေ၊ နည်းဥပဒေများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ပို့ချကြကြောင်း၊ အဆိုပါ မွမ်းမံသင်တန်းသို့ တီးတိန်မြို့နယ်နှင့် ခိုင်ကမ်းမြို့တို့မှ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး (၅၉)ဦး တက်ရောက်ကြောင်းနှင့် တီးတိန်မြို့နယ်နှင့် ခိုင်ကမ်းမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု၊ စုစုပေါင်း(၆၁)ခုရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)