ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကျင်းပ

မင်းတပ် ဖေဖော်ဝါရီ ၂၅ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွွဲ့မှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် မင်းတပ်မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ကျင်းပသည်။ တွေ့ဆုံပွဲတွင် မင်းတပ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်၊ မင်းတပ်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးသန်းဦး၊ မင်းတပ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ဘင်နီဖိုင်းတို့က အသီးသီး အမှာစကား ပြောကြားကြသည်။ ထို့နောက် မင်းတပ်မြို့နယ်ရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များ မေးမြန်းပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြကြသည်။ ယင်းနောက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား တာဝန်ရှိသူများက ဆန်၊ဆီနှင့် နို့ဆီဘူးများ ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)