ချင်းပြည်နယ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် ပျော်ဘွယ်မြို့နယ်ရုံး ဝန်ထမ်း များနှင့်တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့ မွန်းလွဲ(၁)နာရီခန့်က ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးသို့ရောက်ရှိပြီး Community Centre ခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် မြို့အဝင်ဂိတ်များ၌ လူနှင့်ယာဉ်ဖြတ်သန်းသွားလာမှုစောင့်ကြည့်စစ်ဆေးခြင်းနှင့် RDT Test Kit စစ်ဆေးခြင်းဆောင်ရွက်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီနှင့်အတူ ကျန်းမာရေးဌာန၊ ရပ်ကွက်လူငယ် Volunteer များပူးပေါင်းပြီး ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် မြို့အဝင်ဂိတ်များ၌ လူနှင့်ယာဉ်ဖြတ်သန်းသွားလာမှု စောင့်ကြည့်စစ်ဆေးခြင်းနှင့် RDT Test Kit စစ်ဆေးခြင်းကို ယနေမှစ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု အခြေအနေ စစ်ဆေးကုသနိုင်ရေးအတွက် HLDO အဖွဲ့အစည်းမှ RDT Test Kit နှင့် ဆေးဝါးများ ဒုတိယအကြိမ်ထောက်ပံ့လှူဒါန်း

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ အခြေချရုံးဖွင့်လှစ်ထားရှိသည့် ဟွာလ်ငိုဒေသဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့အစည်း (Hualngo Land Development Organization- HLDO)မှ ရိခေါ်ဒါရ်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေစစ်ဆေးကုသနိုင်ရေးအတွက် RDT Test Kit များနှင့် ဆေးဝါးများကို ယမန်နေ့က ဒုတိယအကြိမ် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

တီးတိန်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ ဆက်လက်စစ်ဆေး

ချင်းပြည်နယ် တီးတိန်မြို့၌ သက်ဆိုင်ရာဌာနများ၊ မြို့မိမြို့ဖများ၊ လူငယ်များ၊ လူမှုရေးအသင်းအဖွဲ့များ ဦးဆောင်မှုဖြင့် မြို့ပေါ်ရှိလူနာများအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့မ Cope Centennial Jubilee Hall (C CJ HALL) နှင့် ပြည်သူ့ဆေးရုံ၌ပြုလုပ်ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် နှာခေါင်းစည်းများ လှူဒါန်းပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေစစ်ဆေးခြင်း၊ ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ယနေ့တွင် စံပြကုမ္ပဏီမှ နှာခေါင်းစည်းများ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ရိခေါဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် နှာခေါင်းစည်းများ လှူဒါန်းပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေစစ်ဆေးခြင်း၊ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ယနေ့တွင်  စံပြကုမ္ပဏီမှ နှာခေါင်းစည်းများ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူ(၂၀)ဦး ရောဂါစစ်ဆေးခဲ့ရာ ၈ ဦးတွင် ရောဂါပိုးတွေ့ရှိ

ချင်းပြည်နယ်၊ ထန်တလန်မြို့၊အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ ဇွန်လ ၁၇ ရက် ယမန်နေ့ ညနေပိုင်းက မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ COVID-19 ရောဂါသံသယရှိသူ(၂၀)ဦးအား စစ်ဆေးခဲ့ရာ ကျား(၃)ဦး၊ မ(၅)ဦး၊ စုစုပေါင်း (၈)ဦးတွင် COVID-19 ရောဂါ positive ဖြစ်ကြောင်း သိရသည်။

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၈/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား ရောဂါစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁ ဦးထပ်မံတွေ့ရှိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးခြင်းကို ဇွန် ၁၆ ရက်၌ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၁ ဦးထပ်မံတွေ့ ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
Subscribe to ချင်းပြည်နယ်