ချင်းပြည်နယ်

ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ(၁၁)တိုးလာ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ဇွန်လ ၁၅ ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ(၁၁)ဦးတိုးလာကြောင်း သိရသည်။ ဖလမ်းမြို့နေပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှုရှိ/မရှိ RDT Test Kit ဖြင့် နေ့စဉ်စစ်ဆေးပေးလျက်ရှိရာ ဇွန်လ ၁၅ ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ (၁၁)ဦး တိုးလာကြောင်း ၊ ဖလမ်းမြို့တွင် ယနေ့အထိ ကိုဗစ်-၁၉ရောဂါကးစက်ခံရသူစုစုပေါင်း (၆၂)ဦးထိရှိလာပြီး (၂)ဦး သေဆုံးကြောင်း ခရိုင်ပြည်သူ့ဆေးရုံမှသိရသည်။

ရိခေါ်ဒါရ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၁၆ ဦးရှိပြီး သေဆုံးသူ တစ်ဦးရှိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ နှင့်အတူ ကျန်းမာရေးဌာန၊ ရပ်ကွက်လူငယ် Volunteer များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေအား RDT Test Kit ဖြင့် နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၅ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၁၁၆ ဦးကျော်ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား ၇ ရက်နေ့မြောက် ရောဂါစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၂ ဦးထပ်မံ‌တွေ့ရှိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit) ဖြင့် စစ်ဆေးခြင်းကို ဇွန် ၁၄ ရက်၌ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၂ ဦးထပ်မံ‌တွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ဟားခါးမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Quarantine Centre မှ Quarantine ဝင်သူတစ်ဦးထံ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် Quarantine Centre အဖြစ် ဖွင့်လှစ်ထားသည့် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း၌ Quarantine ဝင်သူ (၆ ) ဦးကို ဇွန်လ ၁၂ ရက် ယမန်နေ့ ညနေပိုင်းက ကျန်းမာရေးဦးစီးဌာနရှိ တာဝန်ရှိသူများက RDT Test Kid ဖြင့် စစ်ဆေးခဲ့ရာ တစ်ဦးထံတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသော အသက် ( ၅၁ ) နှစ်အရွယ် အမျိုးသားတစ်ဦး COVID-19 ရောဂါဖြင့်သေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသော အသက် (၅၁)  နှစ်အရွယ် အမျိုးသားတစ်ဦး ယနေ့နံနက် ၄ နာရီခွဲအချိန်၌ COVID-19 ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား ပဉ္စမမြောက်နေ့ ရောဂါစစ်ဆေးခဲ့ရာ ရောဂါပိုးရှိသူ ၉ ဦးထပ်မံတွေ့ရှိ

ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် ပဉ္စမ‌မြောက်နေ့ စစ်ဆေးမှုကို ဇွန် ၁၁ ရက်၌ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၉ ဦးထပ်မံ‌တွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

တွန်းဇံမြို့၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ဘာသာရေး ခေါင်းဆောင်များတွေ့ဆုံ

တွန်းဇံမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ အဖွဲ့ဝင်များနှင့် ဘာသာရေး ခေါင်းဆောင်များ တွေ့ဆုံပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသည်။

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား စတုတ္ထနေ့မြောက် ရောဂါစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၃၀ ဦးထပ်မံ‌တွေ့ ရှိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စတုတ္ထနေ့‌မြောက် စစ်ဆေးမှုကို ယနေ့ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၃၀ ဦးထပ်မံ‌တွေ့ ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား တတိယနေ့မြောက် ရောဂါစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၁ ဦးထပ်မံတွေ့ ရှိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူများအား RDT (Test Kit)ဖြင့် တတိယနေ့ စစ်ဆေးမှုကိုယနေ့ ပြုလုပ်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၁၁ ဦးထပ်မံတွေ့ ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ရောဂါ သံသယဖြစ်သူများအား ဒုတိယနေ့မြောက် ရောဂါ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ ၁၄ ဦးရှိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ရောဂါ သံသယဖြစ်သူများအား RDT (Test Kit)ဖြင့် ဒုတိယနေ့ စစ်ဆေးမှုကို ဇွန် ၈ ရက်၌ ပြုလုပ်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၁၄ ဦးရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
Subscribe to ချင်းပြည်နယ်