ချင်းပြည်နယ်

ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာအသစ် ၂ ဦး ၊ ထန်တလန်မြို့တွင် ၁၇ ဦး ထပ်မံတွေ့ ရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်မြို့များတွင် ဇွန်လ ၂၉ ရက်နေ့တွင် ဒေသခံပြည်သူ ( ၄၀ ) ဦးစီ Test Kid ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးရာ ဟားခါးမြို့တွင် ၂ ဦး ၊ ထန်တလန်မြို့တွင် ၁၇ ဦး ပေါင်း ၁၉ ဦးထပ်မံတွေ့ ရှိကြောင်း သိရသည်။

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၁၅ ဦးထပ်မံတွေ့ရှိပြီး ရောဂါပိုးတွေ့ရှိသူပေါင်း (၂၀၀)ဦးကျော်ရှိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးခြင်းကို ဇွန် ၂၈ ရက်၌ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၅ ဦးထပ်မံ‌တွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ရိခေါ်ဒါရ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ တိုးမြှင့်လာပြီး သေဆုံးသူ တစ်ဦးရှိလာ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်တားဆီးရေးကော်မတီနှင့်အတူ ကျန်းမာရေးဌာန၊ ရပ်ကွက်လူငယ် Volunteer များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေအား RDT Test Kit ဖြင့် နေ့စဉ် စစ်ဆေး ဆောင်ရွက် လျက်ရှိရာ ဇွန်လ ၁၅ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၁၁၆ ဦးကျော်ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ချင်းပြည်နယ်၊ဖလမ်းမြို့တွင် COVID-19ရောဂါပိုးတွေ့ရှိသူ(၁၆၆)ဦးအထိရှိလာ

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် COVID-19ရောဂါပိုးရှိ/မရှိ ပြည်သူများအား  နေ့စဉ် စစ်ဆေးပေးလျက် ရှိရာ ဇွန်လ၂၃ရက်နေ့တွင် COVID-19ရောဂါပိုးရှိသူ(၁၈)ဦးနှင့် ၂၄ ရက်နေ့တွင် (၁၁)ဦးရှိကြောင်း သိရသည်။

ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရှိသူ ၁၀ ဦးထပ်မံစစ်ဆေးတွေ့ရှိ

ချင်းပြည်နယ်၊ ထန်တလန်မြို့၊အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ မြို့နယ်Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါသံသယရှိသူ(၄၀)ဦးအား စစ်ဆေးခဲ့ရာ ကျား(၆)ဦး၊မ(၄)ဦး၊ စုစုပေါင်း (၁၀)ဦးထံမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရ‌ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပေးကြော်ငြာဗီနိုင်းများ ကပ်ထားဆောင်ရွက်

​​​​​​​ချင်းပြည်နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ဝေသည့် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များ သိရှိလိုက်နာဆောင်ရွက်ရမည့် အသိပညာပေး ဗီနိုင်းများကို  ရိခေါ်ဒါရ်မြို့ပေါ် လူစည်ကားသည့်နေရာများ၌ လိုက်လံကပ်ထား ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၈ ဦးထပ်မံတွေ့ရှိပြီး ရောဂါပိုးတွေ့ရှိသူပေါင်း (၁၈၀)ဦးရှိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးခြင်းကို ဇွန် ၂၃ ရက်၌ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၁၈ ဦးထပ်မံတွေ့ ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် ပါးစပ်နှင့် နှာခေါင်းစည်းများဖြန့်ဝေ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုများပြားလာမှုကြောင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ကဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ သံသယဖြစ်သူ ၄၀ ဦး စစ်ဆေးခဲ့ရာ ရောဂါပိုးရှိသူ ၃ ဦးတွေ့ရှိ

ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက်လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ သံသယရှိသူ(၄၀)ဦးအား စစ်ဆေးခဲ့ရာ ကျား(၁)ဦး၊ မ(၂)ဦး၊ စုစုပေါင်း(၃)ဦးမှာ ကိုဗစ်-၁၉ရောဂါ positive ဖြစ်ကြောင်း သိရသည်။

တီးတိန်၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဆက်လက်စစ်ဆေး

ချင်းပြည်နယ် တီးတိန်မြို့၌ သက်ဆိုင်ရာဌာနများ၊ မြို့မိမြို့ဖများ၊ လူငယ်များ၊ လူမှုရေးအသင်းအဖွဲ့များ ဦးဆောင်မှုဖြင့် မြို့ပေါ်ရှိလူနာများအား COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့မ Cope Centennial Jubilee Hall (C CJ HALL)၌ ပြုလုပ်ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်