ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်လွှတ်တော်ရုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပြည်ထောင်စုနေ့နှင့် ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ချင်းပြည်နယ်လွှတ်တော်ရုံးသို့သွားရောက်ပြီး ချင်းပြည်နယ်လွှတ်တော်ရုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးဇော်နိုင်ငြိမ်းက လွှတ်တော်အစည်းအဝေးခန်းမ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌရုံးခန်းများ၊ ရေးရာရုံးခန်းများနှင့် ချင်းပြည်နယ်လွှတ်တော်ရုံးပိုင် မန်းထားရိပ်သာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။