ချင်းပြည်နယ်

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည်ဖလမ်းမြို့ပြည်သူ့ဆေးရုံနှင့်မြန်မာ့ စီးပွားရေးဘဏ်တို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုကြည့်ရှု

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၁၀ ရက်နေ့တွင် ဖလမ်းမြို့ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုပြီး ဆေးရုံအတွက်လိုအပ်သည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် ဆေးဝါးများ အားပေးအပ်ပြီးနောက် မြန်မာ့စီးပွားရေးဘဏ်နှင့် ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop) ရုံးများသို့ လှည့်လည်ကြည့်ရှုသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၆ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ စစ်ဗျူဟာ (ဟားခါးအခြေချ) စစ်ဗျူဟာမှူး၊ ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဌာနများမှ ကော်မတီဝင် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိ သူများ တက်ရောက်ကြသည်။

ဖလမ်းခရိုင်ဘဏ်ခွဲဖွင့်ပွဲကျင်းပ

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့၌ ဖလမ်းခရိုင်ဘဏ်ခွဲဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၆ ရက်၊ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး၌ကျင်းပသည်။

တွန်းဇံမြို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင် ကြီးကြပ်ဆောင်ရွက်

ချင်းပြည်နယ် တွန်းဇံမြို့တွင် စနေနေ့တိုင်း အပတ်စဉ် စုပေါင်းသန့်ရှင်းရေးကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်၏ ကြီးကြပ်ဦးဆောင်မှုဖြင့် ခေါဝုန်/လေးဆန်ရပ်ကွက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းဝင်းပရဝုဏ်အတွင်းအပြင်နှင့် သာသနာပြုဘုန်းတော်ကြီးကျောင်း (ဗဟို)ဝင်းအတွင်းအပြင်၌ ယနေ့နံနက် (၉)နာရီအချိန်က စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ကြသည်။

ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီး ခင်မောင်ထွေး ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားနှင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) “လမင်းစီမံချက်”နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီး ခင်မောင်ထွေး ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၂)ရက်နေ့ နံနက် (၉)နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဟားခါးမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်း (၁/၂၀၂၆) ဖွင့်လှစ်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်း(၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဟားခါးမြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက အဖွင့်အမှာစကား ပြောကြားသည်။

တီးတိန်မြို့၌ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများသင်တန်းဖွင့်

ချင်းပြည်နယ် တီးတိန်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၈နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၆) သို့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ခေတ္တပြည်နယ်ဝန်ကြီးချုပ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ် တက်ရောက်

ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၆) ကို ဇွန် ၃၀ ရက် ညနေ ၃ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး  ဒေါက်တာလျန်ဇခုပ် တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားသည်။

တီးတိန်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထုတ်ပြန်

ချင်းပြည်နယ် တီးတိန်မြို့၌ ၂၀၂၆ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်က မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ခဲ့သည်။ ထိုသို့ အောင်စာရင်းထုတ်ပြန်ရာတွင်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(၁) တီးတိန်စာစစ်ဌာနမှ ဖြေဆိုသူ ၃၀၂ ဦးရှိပြီး စာမေးပွဲ အောင်မြင်သူ စုစုပေါင်း ၄၇ ဦး ရှိကာ အောင်ချက်ရာခိုင်နှုန်း ၁၅.၅၆ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Subscribe to ချင်းပြည်နယ်