ဖလမ်းခရိုင်ဘဏ်ခွဲဖွင့်ပွဲကျင်းပ

ဖလမ်း ဇူလိုင် ၆

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့၌ ဖလမ်းခရိုင်ဘဏ်ခွဲဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၆ ရက်၊ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး၌ကျင်းပသည်။

အဆိုပါခရိုင်ဘဏ်ခွဲကို ခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်၊ ဖလမ်းခရိုင် ဘဏ်ခွဲတာ၀န်ခံ လက်‌ထောက်မန်နေဂျာ ဦး‌အောင်ဇေယျာ၀င်းနှင့် မြို့မိမြို့ဖဥက္ကဋ္ဌ ဦးဆာလျန်ခုမ်းတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက ဖလမ်းခရိုင် ဘဏ်ခွဲ၌ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး အခမ်းအနားကို ရုပ်သိမ်းသည်။

အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရစ်ယာဘာသာရေးဆရာတော်များနှင့်မြို့မိမြို့ဖ များတက်ရောက်ကြကြောင်းသိရသည်။

ခရိုင်ပြန်ဆက်(ဖလမ်း)