ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီး ခင်မောင်ထွေး ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားနှင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) “လမင်းစီမံချက်”နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး ဇူလိုင် ၄

၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့ နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။

ဦးစွာ ချင်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက “မြန်မာအမျိုးသမီးများနေ့ ဇူလိုင် (၃) ရက် ပါ” သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီး ခင်မောင်ထွေး ကယနေ့ဟာ နိုင်ငံတစ်ဝန်းလုံးမှာ နေထိုင်ကြသော မြန်မာအမျိုးသမီးများအားလုံးအတွက် နေ့ထူး နေ့မြတ်ဖြစ်ပြီး နိုင်ငံ၏အရေးပါသည့် အခန်းကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်ကြသော ထူးချွန် အမျိုးသမီးများ ဂုဏ်ပြုသည့်နေ့ဖြစ်သကဲ့သို့ အလွှာပေါင်းစုံမှ အမျိုးသမီးများကို စိတ်ဓာတ်ခွန်အား မြှင့်တင်ရန်နှင့် မြန်မာအမျိုးသမီးများအားလုံး ဂုဏ်ပြုသည့်အခမ်းအနားဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှရရှိသည့် ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေဟာ ၅၁ ဒဿမ ၃ သန်းရှိသည့်အနက် အမျိုးသမီး ၅၃ ဒဿမတစ် ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဤကိန်းဂဏန်းအချက်အလက်များအရ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ရာတွင် နိုင်ငံ့လူဦးရေ၏ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးဟာ အရေးကြီးသည့် အစိတ်အပိုင်းဖြစ် ကြောင်း ၊ နယ်ပယ်အသီးသီးက အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ စွမ်းဆောင်ရည်မြင့်မား ပြီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၊ လုပ်ငန်းကော်မတီ နှင့် ဒေသဆိုင်ရာကော်မတီ အဆင့်ဆင့်နှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချင်းပြည်နယ်လူမှု ဝန်ထမ်းရုံးအနေဖြင့် ၂၀၂၅−၂၀၂၆ ဘဏ္ဍာ ရေးနှစ်တွင် Single Mother အမျိုးသမီး ဦးဆောင်သော အိမ်ထောင်စု (၄) စုအတွက် အိမ်ထောင်စု တစ်စုလျှင် ကျပ်ငါးသိန်းနှုန်းဖြင့် စုစုပေါင်း သိန်း ( ၂၀ ) ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် သည့်အခါတွင်လည်း ကျား၊ မရေးရာ အလေးထားသည့် လုပ်ငန်းစီမံချက်များ ဆောင်ရွက်ပေးနိုင်ရန်၊ အမျိုးသမီးများအားလုံး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ပြီး စီးပွားရေး စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန် အားလုံးဝိုင်းဝန်း ပံ့ပိုးကူညီပေးကြစေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ယင်းနောက် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသည့် Video Clip ပြသပြီး ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများနှင့် စကောရွက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ခေတ္တပြည်နယ် ဝန်ကြီးချုပ် ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးမြတ်စံ၊ ပြည်နယ်စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးပေါင်ဇလန်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦး၊ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ဌေး၊ ပြည်နယ်ဥပဒေချုပ် ဦးကပ်တလွန်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဇောလင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကအဖွဲ့ဝင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၏ ဇနီး၊ ပြည်နယ်စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး၏ဇနီး ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၏ဇနီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၏ ဇနီးနှင့် ပြည်နယ်ဥပဒေချုပ်၏ ဇနီးတို့က ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ခရိုင် ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက "ဣတ္ထိယပန်းခင်း" သီချင်း သီဆို၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ ခေတ္တပြည်နယ်ဝန်ကြီးချုပ်က ခင်းကျင်းပြသထား သည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုသည်။

ညနေပိုင်းတွင် ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့် လူမှုရေးရာဝန်ကြီးသည် ဟားခါးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) "လမင်းစီမံချက်" ဖြင့် ဆောင်ရွက်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ပေး အပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ချင်းပြည်နယ် ၊ ခရိုင် ၊ မြို့နယ်ဝန်ထမ်းများက ကျောင်းသား ၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID များ အခမဲ့ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းလွင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဝင်းစိုး၊ ကျန်းမာ ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်စိုးမင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် ချင်းပြည်နယ်ပညာရေးမှူးတို့က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ပေးအပ်ကြပြီး ဆုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)