တွန်းဇံမြို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင် ကြီးကြပ်ဆောင်ရွက်

တွန်းဇံ ဇူလိုင် ၅

ချင်းပြည်နယ် တွန်းဇံမြို့တွင် စနေနေ့တိုင်း အပတ်စဉ် စုပေါင်းသန့်ရှင်းရေးကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်၏ ကြီးကြပ်ဦးဆောင်မှုဖြင့် ခေါဝုန်/လေးဆန်ရပ်ကွက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းဝင်းပရဝုဏ်အတွင်းအပြင်နှင့် သာသနာပြုဘုန်းတော်ကြီးကျောင်း (ဗဟို)ဝင်းအတွင်းအပြင်၌ ယနေ့နံနက် (၉)နာရီအချိန်က စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်အဆင့်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့ပေါ်ရပ်ကွက်ရှိ ရပ်မိရပ်ဖများနှင့်ပြည်သူများစုပေါင်းအင်အား (၄၃၂) ဦးက  စုပေါင်းသန့်ရှင်း‌ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)