ကရင်ပြည်နယ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ကရင်ပြည်နယ်တာဝန်ခံ)နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် (ကရင်ပြည်နယ်တာဝန်ခံ)သည် ကရင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စက်တင်ဘာ ၈ ရက် နေ့လယ် (၁) နာရီတွင် ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများရရှိရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်စာအုပ်စာစောင်များကို အခမဲ့ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၈ ရက်နေ့ နံနက် ၁၀ နာရီက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ စွန့်ပစ်ပလတ်စတစ်ပစ္စည်း ကုန်ကြမ်းများကို အသုံးပြု၍ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင် 

ပြည်သူလူထုတစ်ရပ်တစ်ရပ်လုံး၏ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုကာ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေး အထောက်အကူပြုလျက်ရှိသည်။ ကရင်ပြည်နယ် မြဝတီမြို့  အမှတ်(၄)ရပ်ကွက် ရွှေဟင်္သာလမ်းတွင်တည်ရှိသည့် သန့်စင်ပြီး ကော်ဖြတ်စလုပ်ငန်းမှ ပိုင်ရှင် ဦးအေးမင်းထိုက်နှင့် တွေ့ဆုံမေးမြန်းထားမှုအား တင်ပြလိုက်ရပါသည် -

ဘားအံမြို့တွင် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ မြသံလွင်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

ဘားအံမြို့၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ဒီဂျစ်တယ်ခေတ်ကိုလိုက်မီဖို့ စာတတ်မြောက်ရေးမြင့်တင်စို့ ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ် မြောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ အခြေခံပညာဆရာ၊ ဆရာမများက စာတတ်မြောက်ရေးဝိုင်းကူပေး သီချင်းဖြင့် သီဆိုဂုဏ်ပြုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်သည်။

ကော့ကရိတ်မြို့၌ အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို စက်တင်ဘာ ၈ ရက်နေ့နံနက် ၉ နာရီ မိနစ် ၃၀က ကော့ကရိတ်မြို့ ဒေါနခန်းမ၌ ပြုလုပ်ကျင်းပရာ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အမှတ် (၁) ရပ်ကွက်ရှိ ဒေသခံမဲဆန္ဒရှင်ပြည်သူများ တက်ရောက်ကြသည်။

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉:၃၀ နာရီက ကျုံဒိုးမြို့၊ အ မှတ်(၂)ရပ်ကွက်၊ အေးစေတီဘုရား ဓမ္မာရုံ၌ ပြုလုပ်ကျင်းပခဲ့သည်။

ကော့ကရိတ်မြို့တွင် (၉၉) ကြိမ်မြောက် ဆွမ်းကြီးလောင်းလှူပွဲတော် ပြုလုပ်ကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်မြဲဖြစ်သော (၉၉) ကြိမ်မြောက် ဆွမ်းကြီးလောင်းလှူပွဲ‌တော်ကို အမှတ် (၄) ရပ်ကွက်ရှိ တောင်ပေါ်ကျောင်းတိုက်၌ ယနေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ ကောက်စိုက်စက်ဖြင့် တွဲဖက်သုံး(၁၀)တန်းသွားမျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြ

ကရင်ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၂၀)စက်မှုလယ်ယာစခန်း ဘားအံမြို့မှ ကောက်စိုက်စက် ဖြင့်တွဲဖက်သုံး(၁၀)တန်းသွားမျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)တို့ဖြင့် မိုးစပါးစိုက်ပျိုး ခြင်းကွင်းသရုပ်ပြပွဲကို စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက ဘားအံမြို့နယ် ဘားကပ်စိုက်ပျိုးရေးနည်ပညာ ပြန့်ပွားရေးစင်တာအနီးရှိ ကွင်းအမှတ် ၁၀၀၉-ခ၊ ဘားကပ်အရှေ့ကွင်းရှိ တောင်သူဦးအုန်းသန်း၏ ၂ ဒသမ ၈၄ ဧကရှိ လယ်မြေ၌ ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်