နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့ဇွဲကပင်ပလာဇာအဆင့်မြင့် ဈေး(မြေညီထပ်) ဖွင့်လှစ်၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း(၂)မျိုး သင်တန်းဆင်း
နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် UHM ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဘားအံမြို့၏ပထမဆုံး အဆင့်မြင့်ဈေးဝယ်စင်တာဖြစ်သော ဇွဲကပင်ပလာဇာ (မြေညီထပ်)ဖွင့်ပွဲကို အောက်တိုဘာလ ၃၁ ရက်နေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမ ကြီးဘေးရှိ အဆိုပါဈေးဝယ်စင်တာ၌ ကျင်းပခဲ့သည်။