နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၌ Project Show 2025 ပြပွဲနှင့်ပြိုင်ပွဲကျင်းပ ကျောင်းသား၊ကျောင်းသူများက Project ပေါင်း(၄၇)ခု ပါဝင်ယှဉ်ပြိုင်ပြသ

ဘားအံ အောက်တိုဘာ ၂၂

နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ရှိ ကျောင်း သား၊ကျောင်းသူများ၏ နည်းပညာတတ်မြောက်ကျွမ်းကျင်မှုကိုပြသရန်၊ ပရောဂျက် အခြေပြု သင်ယူမှုကိုမြှင့်တင်ရန်၊ Project တည်ဆောက်နိုင်သည့်စွမ်းရည်မြင့်မားစေရန်၊ ပူးပေါင်း ဆောင်ရွက်တက်မှု၊ ခေါင်းဆောင်မှုစွမ်းရည်တိုးတက် စေရန်နှင့် နည်းပညာပြိုင်ဆိုင်မှုရှိ သောနယ်ပယ်တွင်ယှဉ်ပြိုင်နိုင်စေရန်အတွက် Project Show 2025 ပြပွဲနှင့်ပြိုင်ပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါတက္ကသိုလ်၌ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက Project ပေါင်း (၄၇)ခုဖြင့် ပါဝင်ယှဉ်ပြိုင်ပြသခဲ့ကြသည်။

အဆိုပါ Project Show ပြပွဲနှင့်ပြိုင်ပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကွန်ပျူတာ ပညာရပ်နှင့် ဆက်စပ်သောအသင်းအဖွဲ့များ၊ ကုမ္ပဏီများတက်ရောက်အားပေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ကျောင်းသူများ၏ စာတွေ့နှင့်လက် တွေ့ပေါင်းစပ်သည့် Project-based Learning ၏ ရလာဒ်များဖြစ်သော စွမ်းရည်နှင့်တီထွင် ဖန်တီးမှုကို ပြသသော Hardware Project (၈)ခု၊ Software Project (၃၉)ခု စုစုပေါင်း Project (၄၇)ခုတို့ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကာ ကျောင်းသား၊ကျောင်းသူများနှင့်တွေ့ဆုံကာ ၎င်းတို့၏ စိတ်ကူးစိတ်သန်း၊ ကြိုးစားအားထုတ်မှုနှင့် တီထွင်ဖန်တီးနိုင်မှုတို့ကို မေးမြန်းကြည့်ရှုလေ့လာ၍ နှစ်သက်ရာ Project များကို မဲစနစ်ဖြင့်မဲပေးခဲ့ကြသည်။

ထို့နောက် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၂၀၂၄-၂၀၂၅ ပညာသင်နှစ် Project Show 2025 ပြပွဲနှင့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန် ကြီးချုပ်က ကရင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် လိုအပ်သည့်အားပေးချီးမြှင့်မှု များကိုဆက် လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျောင်းသား၊ကျောင်းသူ များအားလုံးကို ထူးချွန်ထက် မြတ်သည့်နည်းပညာကျွမ်းကျင်ပညာရှင်များဖြစ်အောင် ဆက်လက်ကြိုးစားကြစေလိုကာ တီထွင်ဖန်တီးနိုင်မှုဖြင့် ရှင်သန်ကြီးထွားသည့်ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ကြပါစေကြောင်း ပြောကြားသည်။

ယင်းနောက် ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ပါမောက္ခချုပ်က Project Show 2025 ပြပွဲနှင့်ပြိုင်ပွဲ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျောင်းသား၊ကျောင်းသူများက တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု အကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြကာ အခမ်းအနားမှူးက ပြိုင်ပွဲဆုရစာရင်း များကို ဖတ်ကြားကြေညာသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၅)သိန်းကို ကွန်ပျူတာတက္ကသိုလ် (ဘားအံ) ပါမောက္ခချုပ်ထံ ချီးမြှင့်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ကရင်ပြည်နယ်ကွန်ပျူတာ အသင်းဥက္ကဋ္ဌ တို့ကProject Show 2025 ပြပွဲနှင့်ပြိုင်ပွဲတွင် Software Project ပထမ၊ ဒုတိယ၊ တတိယနှင့် ပရိတ်သတ်ရွေးချယ်သည့် People Choice Award ဆု၊ Hardware Project ပထမ၊ ဒုတိယ၊ တတိယနှင့် ပရိတ်သတ်ရွေးချယ်သည့် People Choice Award ဆုများနှင့် အထူးဆုများကို ပေးအပ် ချီးမြှင့်ခဲ့ကြကာ ဆုရကျောင်းသား၊ ကျောင်းသူများ နှင့်စုပေါင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများအားရင်းနှီး နွေးထွေးစွာတွေ့ ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။    

စောမျိုးမင်းသိန်း(ပြန်/ဆက်)