လိပ်သိုဒေသထွက် တောင်ပေါ်ကွမ်းကြမ်း အချိန်တစ်ဆယ်လျှင် ကျပ် (၆၀၀၀ဝိ/-) အထိ စျေးကောင်းရရှိ

လိပ်သို အောက်တိုဘာ ၂၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားတွင် တောင်ပေါ်ကွမ်းကြမ်းများကို နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တွဲဖက်၍ စိုက်ပျိုးထားလျက်ရှိကြရာ ဒေသထွက် တောင်ပေါ်ကွမ်းကြမ်းများမှာ မိုးရာသီအကုန် ဆောင်းအဝင်ကာလ၌ ဆွတ်ခူးရောင်းချရာတွင် စျေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

လိပ်သိုဒေသရှိ ငပိုးကြီး၊ ဒေဒါခို၊ လေလော်ဒေး၊ အီးအယ်၊ ဟယ်ဒိုး၊ မိုင်းလွန်ကျေးရွာများမှ ကွမ်းများ အများဆုံးထွက်ရှိကြောင်း၊ ယခင်မိုးရာသီကာလတွင် ကွမ်းကြမ်း အထုပ် (၄၀) ပါ အချိန်တစ်ဆယ်လျှင်  (၄၀၀၀ဝိ/-) ကျပ်အထိသာ စျေးရရှိခဲ့ပြီး ယခု အောက်တိုဘာလဆန်းပိုင်းတွင် (၆၀၀၀ဝိ/-) ကျပ်အထိ စျေးကောင်းရလျက်ရှိကြောင်း  ကွမ်းရွက်စိုက်ပျိုးသူ တောင်သူတစ်ဉီးထံမှ သိရသည်။

ဒေသတွင်း၌ ကွမ်းရွက်အထွက်နှုန်းကောင်းသော မိုးလယ်/ မိုးနှောင်းရာသီများတွင် စျေးနှုန်းများကျဆင်းလေ့ရှိပြီး ကွမ်းရွက်အထွက်နှုန်းနည်းသော နွေရာသီနှင့် ဆောင်းရာသီတွင် ကွမ်းရွက်စျေးကောင်းရရှိကြောင်း သိရသည်။

နော်ဖလောရင်း