မြဝတီမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးနှင့် ဓိဌာန်အောင်စေတီတော်တို့တွင် ဆိုလာမီးနှင့် ဓမ္မာရုံအမိုး၊ ပြာဿဒ်တည်ဆောက်နိုင်ရန် အလှူငွေလှူဒါန်း

မြဝတီ  အောက်တိုဘာ  ၂၆

ကရင်ပြည်နယ် မြဝတီမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေမြင်းဝန်စေတီတော်ကြီးတွင် လျှပ်စစ်မီးရရှိစေရန်နှင့် ဓိဌာန်အောင်စေတီတော်ကြီးရှိ ဓမ္မာရုံအမိုး၊ ပြာဿဒ်ဘုံ(၅)ဆင့် တို့အား တည်ဆောက်မွမ်းမံရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို အောက်တိုဘာ ၂၅ ရက် မွန်းတည့် ၁၂နာရီက ကျင်းပသည်။

ထိုသို့ လှူဒါန်းရာတွင် ရွှေမြင်းဝန်စေတီတော်ကြီး၌ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ကြည်ညိုသဒ္ဓါပွားများနိုင်စေရေး၊ ညအချိန် မီးအလင်းဓာတ်ရရှိစေရေးနှင့် လုံခြုံရေးမှုရှိစေရန် ရည်ရွယ်၍ ငွေကျပ်သိန်း(၇၀၀)တန်ဖိုးရှိသည့် ဆိုလာမီးများတပ်ဆင်လှူဒါန်းခဲ့ပြီး ဓိဋ္ဌာန်အောင်စေတီတော်ကြီးရှိ အလျား ၇၅ ပေ အနံ ၂၅ ပေ အကျယ်အဝန်းရှိသည့် ဓမ္မာရုံ အမိုး၊ ပြာဿဒ်ဘုံ (၅)ဆင့် အသစ်တည်ဆောက်ရန်နှင့် ဆိုလာမီးဆလိုက်လေးလုံး တပ်ဆင်ရန်အတွက် ငွေကျပ် (၉၅)တို့အား မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ မွေးမြူရေးဇုန်မှ ဦးဖိုးမြိုင်မိသားစုနှင့်အလှူရှင်များက လှူဒါန်းပေးခဲ့ရာ  ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းစံလင်း၊ အဖွဲ့ဝင်(၂)ဦးစိန်သောင်းနှင့် ဘုရားဂေါပကအဖွဲ့ဝင်များမှ လက်ခံယူခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)