လိပ်သို အောက်တိုဘာ ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဒေသနေပြည်သူများသည် အသက်မွေးဝမ်းမှုအဖြစ် ဥယျာဉ်ခြံလုပ်ငန်းကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
လိပ်သိုဒေသသည် အအေးပိုင်းဒေသဖြစ်သည့်အားလျော်စွာ လက်ဖက်စိုက်ပျိုးခြင်းလုပ်ငန်းသည် အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုအခါ မိုးအကုန်ဆောင်းအကူး ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် လက်ဖက်စိုက်ပျိုးသူတောင်သူများအနေဖြင့် လက်ဖက်ရွက်အနုများ ခူးယူကာ လက်ဖက်ခြောက်များ ပြုလုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။
အဆိုပါလက်ဖက်ခြောက်များတစ်ပိဿာလျှင် (၂၀၀၀ဝိ/-) ကျပ်အထိ ဈေးရရှိနေသဖြင့် လက်ဖက်ခြောက် ပြုလုပ်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း၊ လက်ဖက်ခြောက်အပြင် လက်ဖက်စိုများကိုလည်း ပြုလုပ်ရောင်းချကြကြောင်း သိရသည်။
နော်ဖလောရင်း
 
     
     
    