သံတောင်ကြီး အောက်တိုဘာ ၃၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီးဒေသခံပြည်သူများမှာအများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေနှင့် အဓိကလုပ်ကိုင် ဆောင်ရွက်လျက်ရှိရာယခုအချိန်တွင်ကွမ်းသီးအစိုများဝယ်လိုအားကောင်းပြီးဈေးကောင်းရရှိ ကြောင်းသိရသည်။
သံတောင်ကြီးဒေသတွင် ကွမ်းသီးစိုက်ပျိုးတောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအတွက် ကွမ်းသီးပင်များကို စိုက်ပျိုးလျက်ရှိပြီး ကွမ်းသီးပင်များကို စိုက်ပျိုးသည့် အချိန်မှစကာ အပင်သက်တမ်း(၇)နှစ်တွင်စတင် သီးပြီး အသီးရင့်မှည့်သည့် အောက်တိုဘာလမှ ဒီဇင်ဘာလတွင် ခူးယူရောင်းချလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကွမ်းသီးပင်တစ်ပင်လျှင် အရင့်မှည့်သီးများကို နှစ်ပြန်အထိခူးယူလေ့ရှိပြီး ယခင်ကွမ်းသီးအစို (ပြောင်သီး)တစ်ပိဿာကျပ်(၁၅၀၀) အရွေးသီးတစ်ပိဿာကျပ်(၁၀၀၀) ထောင် အထိသာရရှိသော်လည်း ယခုနှစ်ကွမ်းသီးများဆွတ်ခူးချိန်အောက်တိုဘလနောက်ဆုံးပတ်တွင် ကွမ်းသီးအစို (ပြောင်သီး) တစ်ပိဿာကျပ် (၅၀၀၀)၊ အနီသီးအစို(ဒေသအခေါ်)ရွေးသီးတစ်ပိဿာ ကျပ်(၄၅၀၀) ထောင်အထိ ရရှိကြောင်း ကွမ်းသီးရောင်း ဝယ်လုပ်ကိုင်သူ ဦးစောသာဝါးထံကသိရသည်။
နော်နော်မူ