သံတောင်ကြီး အောက်တိုဘာ ၂၉
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်ကြီးမြို့ ဘုရင့်နောင် အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ သင်တန်းဖွင့်လှစ်ခြင်းကို အောက်တိုဘာ ၂၇ ရက်က ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ပြုလုပ်သည်။
သင်တန်းတွင် မဲရုံမှူးတာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဒု-မဲရုံမှူး တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဲစာရင်းစစ် ဆေးသူ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ထိန်းချုပ်စက်ကိုင်တွယ်သူ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် စတင်လုပ်ဆောင်ရမည့်အချက်များ၊ မဲရုံလုံခြုံရေး ဆောင်ရွက်သူ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မင်တို့သူ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဲပေးစက်ထုတ်ပိုးခြင်း၊ ခိုင်လုံမဲနှင့်ပယ်မဲ သိကောင်းစရာများ စမ်းသပ်မဲပေးခြင်းစသည့် အကြောင်းအရာများကို စာတွေ့လက်တွေ့ ပို့ချသင်ကြားပေးခဲ့သည်။
အဆိုပါ သင်တန်းတွင် သံတောင်ကြီးမြို့နယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစောဖရင့်နှင့် အတွင်းရေးမှူး ဦးစောတီမသေတို့က ပို့ချပေးပြီး သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမနှင့်ဌာနဆိုင်ရာဝန်ထမ်း(၆၈)ဦးတက်ရောက်ကာ သင်တန်းကာလမှာ အောက်တိုဘာ (၂၇) ရက်မှ (၂၉)ရက်အထိပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစောဒီမသေထံက သိရသည်။
နော်နော်မူ
 
     
    