လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာ၌ အခြေခံပညာမူလတန်းကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရည်ချွန် ဆုချီမြှင့်

လှိုင်းဘွဲ  အောက်တိုဘာ ၂၉

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြိုနယ် ကွမ်ဘီကျေးရွာတွင် အခြေခံပညာမူလတန်းကျောင်း အလျား ပေ ၂၇၀၊ အနံ ပေ ၃၀ရှိ  တန်ဖိုးကျပ်သိန်းပေါင်း(၁၆၇၄၀)ရှိ ချစ်ထူးမြိုင် RCC ကျောင်းဆောင်သစ်ဖွင့်ပွဲ၊ ပညာရေးဝန်ကြီးဌာနသို့လွှဲပြောင်းပေးအပ်ပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါအခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်သံဃာ့နာယကဥက္ကဋ္ဌ ဘဒ္ဒန္တခေမိသရာလင်္ကာရက ဩဝါဒမြွက်ကြားခဲ့ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က အမှာစကားပြောကြားသည်။ ထို့နောက် စာသင်ကျောင်းအလှူရှင် နယ်ခြားစောင့်တပ်ကရင်ပြည်နယ်ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး သီရိပျံချီ ဦးစောချစ်သူက အခြေခံပညာမူလတန်းကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးခဲ့ပြီး ကျောင်းဆောင်သစ်ဆိုင်ရာ စာရွက်စာတမ်းများအားလွှဲပြောင်းပေးအပ်ခြင်းနှင့် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစသိန်းကျောနှင့် ကွမ်ဘီကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောကျော်လင်းတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကိုကျင်းပရာ ကွမ်ဘီကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစိန်စိန်ပွင့်က အမှာစကားပြောကြားသည်။ ထို့နောက် ၂၀၂၃-၂၀၂၄ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တို့တွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစသိန်းကျော်၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခြင်း၊ ဘာသာရပ်အလိုက် စာသင်ပြမှုထူးချွန်ဆုရရှိသော ဆရာ၊ ဆရာမများအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့်ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

စောဒိ( ပြန်/ဆက်)