လိပ်သို အောက်တိုဘာ ၃၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူ များသည် နှစ်ရှည်သီးနှံပင်များကိုသာ အဓိကထား စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ထောပတ်ပင် စိုက်ပျိုး ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
လိပ်သိုမြို့တွင် ထောပတ်သီးများမှာ စက်တင်ဘာလမှ ဇန်နဝါရီလအတွင်း ထွက်ရှိကြောင်း၊ ထောပတ်သီးတွင် အာဟာရဓာတ်ကြွယ်ဝပြီး ဆေးဖက်ဝင်အာနိသင်များစွာပါဝင်ကာ ထောပတ်သီးကို သကြား၊ နို့ဆီများနှင့်ရော၍ ဖျော်ရည်အဖြစ်လည်း ပြုလုပ်စားသုံးနိုင်ကြောင်း သိရသည်။
လိပ်သိုဒေသထွက် ထောပတ်သီး တစ်လုံးလျှင် (၁၀၀၀) ကျပ်အထိ ဈေးကောင်းရရှိနေကြောင်း၊ လိပ်သိုဒေသတွင် ထောပတ်ပင်များအပြင် ဒူးရင်း၊ မင်းကွတ်၊ သရက်၊ သံပရာ၊ ကျွဲကော စသည့် နှစ်ရှည်သီးနှံများလည်းထွက်ရှိကြောင်း သိရသည်။
နော်ဖလောရင်း