လိပ်သို အောက်တိုဘာ ၃၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည် သူများမှာ အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေဖြင့် အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ နှစ်ရှည်ပင်ဖြစ်သည့် ကော်ဖီသီးများ ရင့်မှည့်ပြီဖြစ်၍ စတင်ဆွတ်ခူး လျက်ရှိကြောင်း သိရသည်။
လိပ်သိုဒေသရှိ ကော်ဖီစိုက်တောင်သူများမှာ အာရေးဗီးကား ကုန်းမြင့်ကော်ဖီမျိုးနှင့် ရိုဘတ်စတာ ကော်ဖီမျိုးများကို အဓိကထားစိုက်ပျိုးကြပြီး အာရေးဗီးကားကော်ဖီမျိုးများမှာ စောစောရင့်မှည့်သောကြောင့် စောစောဆွတ်ခူးကြသည်။ တောင်သူအချို့မှာ ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ ကော်ဖီသီးနှံဌာနခွဲတို့မှ အရည်အသွေး ကောင်းမွန်သော ကော်ဖီစေ့များရရှိရန် နည်းပညာ ဖြန့်ဝေပေးမှုအတိုင်း ကော်ဖီသီးများစတော်ဘယ်ရီသီးအရောင်ရှိမှဆွတ်ခူးကြ သော်လည်း အချို့တောင်သူများမှာ ဖြစ်သလို ဆွတ်ခူးလျက်ရှိနေကြသေးကြောင်း သိရသည်။
ယမန်နှစ်က ကော်ဖီသီးစတင်ဆွတ်ခူးရောင်းချချိန်၌ ကော်ဖီသီး အစိုတစ်ပုံးလျှင် ကျပ် (၁၅၀၀ဝိ/-) အထိသာ ရရှိသော်လည်း ယခုနှစ်တွင် ကော်ဖီသီးအစိုတစ်ပုံးလျှင် ကျပ် (၃၀၀၀ဝိ/-) အထိ ဈေးရရှိနေသဖြင့် ကော်ဖီစိုက်ပျိုးထားသူတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နော်ဖလောရင်း